January 6, 2022, 1 Comment
စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ချင်းတိုင်းရင်းသား သေဆုံးဦးရေ မြင့်တက်လာခြင်းအပေါ် သဘောထားထုတ်ပြန်ချက်။ ၁၁ လအတွင်းချင်းတိုင်းရင်းသား (၁၆၀) ကျော် အသတ်ခံရ
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ( ၆ ) ရက်
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ စစ်အာဏာသိမ်းသည့်အချိန်မှစ၍ ဒီဇင်ဘာလ (၃၁) ရက်နေ့အထိ (၁၁) လ တာ ကာလအတွင်း စစ်ကောင်စီတပ်သည် ချင်းတိုင်းရင်းသား (၁၆၃) ဦးအား သတ်ဖြတ်ခဲ့ပါသည်။
သေဆုံးသူများတွင် အမျိုးသမီး (၁၃) ဦး အပါအဝင် အရပ်သားပြည်သူ (၈၇) ဦးနှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များမှ (၇၆) ဦး အထိ ရှိပါသည်။ ထိုအထဲတွင် စစ်ကောင်စီ၏ မီးရှို့သတ်ဖြတ်မှုကြောင့် သေဆုံးသူ (၇) ဦး၊ အလောင်းပြန် မရသည့် အရပ်သား (၈) ဦး နှင့် မိုင်းထိ၍ သေဆုံးသူ အရပ်သား (၃) ဦးထိ ပါဝင်ပါသည်။
စစ်ကောင်စီတပ်မှ စစ်အာဏာသိမ်းမှုအပေါ် ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့်အရပ်သားများအပေါ် အကြမ်းဖက် တိုက်ခိုက်ခြင်း၊ မတရားဖမ်းဆီးမှုနှင့် စစ်ကြောရေးအတွင်း ညှင်းပန်းနှိပ်စက်ခြင်း၊ မီးရှို့သတ်ဖြတ်ခြင်း၊ လူနေအိမ် များနှင့် အပြစ်မဲ့အရပ်သားများအပေါ် ပစ်မှတ်ထားကာ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းနှင့် လေကြောင်း တိုက်ခိုက်မှုများကြောင့် အသက်ဆုံးရှုံးကြရခြင်း ဖြစ်ပါသည်။ စစ်ကောင်စီတပ်သည် အရပ်သားပြည်သူများအား အကြောင်းမဲ့ သတ်ဖြတ်သည့်အပြင် ကျေးရွာလူနေအိမ်များအတွင်း လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ် မီးရှို့ခြင်းနှင့် လူနေရပ်ကွက်များ၊ အရပ်သားများကျင်လည်ကျက်စားရာနေရာများတွင် မိုင်းထောင်တိုက်ခိုက်ခြင်း တို့ကို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်လျက် ရှိသည်။
စစ်ကောင်စီ၏ အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထားကာ စနစ်တကျ တိုက်ခိုက်သတ်ဖြတ်ခြင်းတို့သည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ပြစ်မှုနှင့် စစ်ရာဇဝတ်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေကြောင်း ထင်ရှားနေပေသည်။
စစ်ကောင်စီတပ်သည် ၎င်းကျူးလွန်သည့် ပြစ်မှုများအတွက် တာဝန်ခံရမည်ဖြစ်ကြောင်း နှင့် အရပ်သား ပြည်သူ များ၏ အသက်အိုးအိမ်စည်းစိမ်အပေါ် ပစ်မှတ်ထားခြင်း၊ အပြစ်မဲ့ပြည်သူများအား တိုက်ခိုက်သတ်ဖြတ်ခြင်း တို့အား ချက်ချင်းရပ်တန့်ရန် ချင်းရေးရာအဖွဲ့ချုပ်မှ အလေးအနက် တိုက်တွန်းသည်။
ချင်းရေးရာအဖွဲ့ချုပ်သည် နိုင်ငံတကာအသိုင်းအဝန်းအား စစ်ကောင်စီတပ်၏ ချင်းတိုင်းရင်းသားများနှင့် အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထားကာ စစ်ဆင်ရေးဆောင်ရွက်နေမှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ အား ရပ်တန့်စေမည့် ထိရောက်သော အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ရန် ထပ်မံတောင်းဆိုသည်။
###
Chin Fatalities List: Chin-Fatalities_Feb_to_Dec_2021.pdf
ဆက်သွယ်ရန်: info@chinaffairs.org, +919362634715
Jeremiah Cossa
March 9, 2022This is a great tip particularly to those fresh to the blogosphere. Brief but very accurate information… Appreciate your sharing this one. A must read article!