December 31, 2022, 0 Comments
စစ်အာဏာသိမ်းပြီးနောက် ကျဆုံးခဲ့ရသူ စုစုပေါင်း ၂၆၈၈ ရှိပြီး၊ သေဒဏ် ၁၃၈ဦးရှိဟု AAPPB ထုတ်ပြန
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများ နှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၂၆၈၈) ဦး ရှိခဲ့ပြီဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPPB က ဒီဇင်ဘာ ၃၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ယင်းထုတ်ပြန်ချက်တွင် ယနေ့ထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ ၁၃၂၁၇ဦး၊ ၎င်းတို့အနက် ၁၉၂၃ဦး သည် ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။
နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ ၉၇ ဦးရှိပြီး မျက်ကွယ်သေဒဏ်ချမှတ်ခြင်းခံထားရသူ ၄၂ ဦး အပါအဝင် ၁၂၁ ဦးမှာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခြင်းခံ ထားရပြီး၊ သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၃၉ ဦးရှိပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အကျဉ်းထောင်ဒဏ်ခံရသူများထဲတွင် အာမခံဖြင့် လွတ်မြောက်သူ ၄၂ ဦးရှိပြီး၊ ပြန်လည်လွတ်မြောက်လာသူဦးရေမှာ (၃၄၆၃) ဦး ရှိသည်။