
စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ချင်းအမျိုးသားအပေါ် လေကြောင်းတိုက်ခိုက်မှု ၇၇ ကျော် ပြုလုပ်၊ ၆၄ ဦးထက်မနည်း သေဆုံး
နိဒါန်း စစ်ကောင်စီတပ်သည် ၂ နှစ်ကျော် ကာလအတွင်း ခုခံတော်လှန်ရေးအားကောင်းသည့် နေရာဒေသများကို စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာပြီး ဦးတည်ထိုးစစ်ဆင်မှုများ ပိုမိုပြုလုပ်နေသည်။ ကယားပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင် တိုက်ပွဲများပိုမိုပြင်းထန်လာသည်ကို တွေ့ရှိရသည်။ ထို့သို့ ထိုးစစ်ဆင်တိုက်ခိုက်လာရာ၌ စစ်ကောင်စီ၏ အင်အားချိနဲ့လာခြင်း၊