
ဘယ်သူသေသေ ၊ ငတေမာလျှင် ပြီးသည့် နိုင်ငံရေး
Lalthlamuan (Salai) JK နိဒါန်း ယနေ့သည် ပြည်ထောင်စုသမိုင်းတစ်လျှောက်တွင် စစ်တပ်မှ အာဏာသိမ်းယူမှု ဒုတိယအကြိမ်၏ ဒုတိယနှစ်မြောက် မှတ်ကျောက်ဖြစ်သည်။ လွတ်လပ်ရေးလွန်ခေတ် ပြည်ထောင်စုဗမာနိုင်ငံတော် တည်ထောင်ခြင်းမှစ၍ ကွဲလွဲသောဝါဒ၊ လွဲမှားသောအုပ်ချုပ်မှုယန္ဒရား၊ တစ်ကိုယ်ကောင်းဆန်ယုတ်ညံ့သောမူနှင့် သိမ်ဖျင်းသောကိုယ်ကျင့်တရားများကြောင့် ပြည်တော်သာမျှော်တိုင်းဝေးခဲ့ရသည်မှာ နှစ်ပေါင်းမနည်းလှတော့ပေ။ ပါတီစုံဒီမိုကရေစီစနစ်ကဲ့သို့ အသွင်ယူထားသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ