April 2, 2023, Comment off

စစ်ကောင်စီက မှတ်ပုံတင်ခြင်းမရှိသည့် နိုင်ငံရေးပါတီ ၄၀ကို ဖျက်သိမ်း သည်ဟုကြေညာချက်ထုတ်ပြန်

 

ဂျွန်ဆင်အောင်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အပါအဝင် မှတ်ပုံတင်ခြင်းမရှိသည့် နိုင်ငံရေးပါတီ ၄၀အားဖျက်သိမ်းကာ စုစုပေါင်းပါတီ ၆၃ခု မှတ်ပုံတင်ထားပြီး ပါတီသစ်ထောင်ခြင်းကိုဆက်လက်ခွင့်ပြုထားသည်ဟု စစ်ကောင်စီလက်အောက်ခံရွေးကောက်ပွဲကော်မရှင်က မတ်လ ၂၈ရက်နေ့ညက စစ်ကောင်စီ၏ ရုပ်သံများကတစ်ဆင့် ထုတ်ပြန်ကြေညာသွားသည်။ ထိုမှတ်ပုံတင်လာခြင်းမရှိသည့် ပါတီ ၄၀ကို စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) ဥက္ကဋ္ဌ ဦးသိန်းစိုးက လက်မှတ်ရေးထိုး ဖျက်သိမ်းလိုက်ခြင်း ဖြစ်သည်။

အဆိုပါကြေညာချက်တွင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၂၅အရ တည်ဆဲနိုင်ငံရေးပါတီများသည် နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုလျှင် မတ်လ၂၈ရက်နေ့နောက်ဆုံးထား၍ ပါတီမှတ်ပုံတင်ပြန်လည်လျှောက်ထားရမည်ဖြစ်ပြီး လျှောက်ထားခြင်းမရှိလျှင် အလိုအလျောက်ပယ်ဖျက်ခံရမည်ဟု ပါရှိသည်။

ယခင် နိုင်ငံရေးပါတီ ၉၁ ခုတွင် စစ်ကောင်စီလက်ထက် ဖျက်သိမ်းသည့် ပါတီ တစ်ပါတီရှိပြီး ကျန်သည့် ပါတီ ၉၀ တွင် ပါတီ ၅၀ က စစ်ကောင်စီထံ မှတ်ပုံပြန်တင်ထားကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(CNLD)၊ ကမန်အမျိုးသားတိုးတတ်ရေးပါတီ(KMNDP)၊ဒိုင်းနက်လူမျိုးများ တိုးတက်ရေးပါတီ(DNDP)၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS) ပါတီများက မှတ်ပုံမတင်ဟု အတိအလင်းကြေညာထားသည်။

အမျိုးသားဒီမို‌ကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားလှယ်များသည် လက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တွင် ပါဝင်လျက်ရှိနေပြီး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS)သည်လည်း အမျိုးသားအတိုင်ပင်ခံကောင်စီ(NUCC)တွင် ပါဝင်လျက်ရှိသည်။

စစ်ကောင်စီ၏ ထုတ်ပြန်ချက်၌ ပါဝင်လာသော ZCD Party

ဖျက်သိမ်းခံရသော နိုင်ငံရေးပါတီများမှာ

၁။ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ
၂။ ဒီမိုကရက်တစ်ပါတီ (မြန်မာ)
၃။ ကယန်းအမျိုးသားပါတီ
၄။ တအာင်း(ပလောင်)အမျိုးသားပါတီ
၅။ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီ
၆။ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ
၇။ ဝံသာနုဒီမိုကရက်တစ်ပါတီ
၈။ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးဒီမိုကရက်တစ်ပါတီ
၉။ တိုင်းရင်းသားလူမျိုးစုများဖွံ့ဖြိုးရေးပါတီ
၁၀။ ကမန်အမျိုးသားတိုးတက်ရေးပါတီ
၁၁။ ဗမာပြည်သူ့ပါတီ (Bamar People’s Party)
၁၂။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
၁၃။ မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ
၁၄။ မြန်မာအမျိုးသားကွန်ဂရက် ( Myanmar National Congress)
၁၅။ အရှိုချင်းအမျိုးသားပါတီ (Asho Chin National Party)
၁၆။ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်
၁၇။ အမျိုးသားညီညွတ်ရေးကွန်ဂရက်ပါတီ
၁၈။ အမျိုးသားတိုးတက်မြင့်မားရေးပါတီ (National Prosperity Party)
၁၉။ ထားဝယ်တိုင်းရင်းသားများပါတီ
၂၀။ ဖက်ဒရယ်ပြည်ထောင်စုပါတီ (Federal Union Party)
၂၁။ ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပ.အ.မ.ဖ) ပါတီ
၂၂။ ခူမီး(ခမီး)အမျိုးသားပါတီ [KHUMI (KHAMI) NATIONAL PARTY]
၂၃။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ
၂၄။ ကရင်အမျိုးသားပါတီ
၂၅။ မြိုအမျိုးသားဒီမိုကရေစီပါတီ
၂၆။ လမ်းပြကြယ်ပါတီ
၂၇။ ၈၈ မျိုးဆက်ဒီမိုကရေစီပါတီ
၂၈။ လော်ဝေါ်အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်
၂၉။ ခေတ်သစ်ပြည်ထောင်စုပါတီ
၃၀။ ဇိုတိုင်းရင်းသားဒေသဖွံ့ဖြိုးရေးပါတီ
၃၁။ အမျိုးသားတိုးတက်ရေးပါတီ
၃၂။ ဒိုင်းနက်လူမျိုးများတိုးတက်ရေးပါတီ
၃၃။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
၃၄။ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ ( Kayah State Democratic Party )
၃၅။ အမျိုးသားညီညွတ်သောဒီမိုကရက်တစ်ပါတီ
၃၆။ အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီ
၃၇။ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
၃၈။ ချင်းတိုင်းရင်းသားများပါတီ [Chin National Party (CNP)]
၃၉။ ကချင်အမျိုးသားပါတီ (Kachin National Party)
၄၀။ မြန်မာနိုင်ငံအလုပ်သမားလယ်သမားမဟာမိတ်ပါတီ တို့ဖြစ်သည်။
စစ်ကောင်စီ၏ ထုတ်ပြန်ချက်၌ ပါဝင်လာသော KNP Party
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ရက်ပေါင်း ၆၀ အတွင်းလာရောက် လျှောက်ထားသော ပါတီများမှာ
၁။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
၂။ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ (MPD)
၃။ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)ပါတီ
၄။ ဒီမိုကရေစီပါတီသစ်(ကချင်)
၅။ ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ
၆။ အမျိုးသားဒီမိုကရေစီပါတီသစ်
၇။ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ
၈။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ
၉။ ရခိုင်ဦးဆောင်ပါတီ
၁၀။ ပြည်သူ့အင်အားပါတီ
၁၁။ ကချင်ပြည်နယ်ပြည်သူ့ပါတီ
၁၂။ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)
၁၃။ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ
၁၄။ ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီ
၁၅။ လူထုပါတီ (The Party for People)
၁၆။ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ
၁၇။ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ
၁၈။ ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ
၁၉။ ပြည်သူ့ရှေ့ ဆောင်ပါတီ (People’s Pioneer Party)
၂၀။ မွန်ညီညွတ်ရေးပါတီ (Mon Unity Party)
၂၁။ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ
၂၂။ ပြည်သူ့အလုပ်သမားပါတီ
၂၃။ အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ
၂၄။ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ
၂၅။ကချင်အမျိုးသားကွန်ဂရက်ပါတီ
၂၆။ ရခိုင်အမျိုးသားပါတီ (Arakan National Party)
၂၇။ လူ့ဘောင်သစ်ပါတီ (NSP)
၂၈။ အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ
၂၉။ အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ (Inn National League Party)
၃၀။ ကိုးကန့်ဒီမိုကရေစီနှင့်ညီညွတ်ရေးပါတီ (KKDUP)
၃၁။ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
၃၂။ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ
၃၃။ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ
၃၄။ နာဂအမျိုးသားပါတီ [Naga National Party (NNP)]
၃၅။ ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ(ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီ
၃၆။ ‘ဝ’အမျိုးသားပါတီ (WA NATIONAL PARTY)
၃၉။ နုအမျိုးသားများအဖွဲ့ချုပ်ပါတီ (DNOP)
၄၀။ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ပါတီ
၄၁။ ပြည်သူ့ပါတီ (People’s Party)
၄၂။ မြန်မာနိုင်ငံ တောင်သူလယ်သမား အလုပ်သမားပြည်သူ့ပါတီ
၄၃။ အမျိုးသမီးပါတီ(မွန်)
၄၄။ မြိုတိုင်းရင်းသားပါတီ
၄၅။ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
၄၆။ ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ
၄၇။ ခေတ်သစ်ပြည်သူ့ပါတီ (Modern People Party)
၄၈။ ကရင်ပြည်သူ့ပါတီ (KPP)
၄၉။ ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီ
၅၀။ မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ (MRO NATIONAL DEVELOPMENT PARTY)
၅၁။ ပြည်ထောင်စုလယ်သမားအလုပ်သမားအင်အားစုပါတီ
၅၂။ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ တို့ဖြစ်သည်။
နိုင်ငံရေးပါတီတစ်ရပ် တည်ထောင်လိုသူများအနေဖြင့် ပါတီ တည်ထောင်ခွင့်ကို နိုင်ငံရေး ပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၃ အရ ဆက်လက် လျှောက်ထားနိုင်သည်ဟု ရွေးကောက်ပွဲကော်မရှင်က ထည့်သွင်းဖော်ပြထားသည်။

စစ်ကောင်စီ၏ ထုတ်ပြန်ချက်၌ ပါဝင်လာသော CPP

ထို့ပြင် ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စုဒီမိုကရေစီပါတီ၊ ဒီမိုကရက်တစ်အင်အားစုလေဘာပါတီ၊ ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ ဝံသာနုပါတီ၊ ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီ၊ ပြည်ထောင်စုငြိမ်းချမ်းရေးနှင့်ညီညွတ်ရေးပါတီ၊ အမျိုးသားနိုင်ငံရေးအားမာန်သစ်ပါတီ၊ ဒီမိုကရေစီပါတီ၊ ခူမီးအမျိုးသားပါတီ၊ ချင်းပြည်သူ့ပါတီ၊ ပြည်သူ့ဘဝဖွံ့ဖြိုးတိုးတက်ရေးပါတီ စုစုပေါင်း၁၃ခုက ပုဒ်မ၃အရ ရွေးကောက်ပွဲကော်မရှင်ထံ ပါတီတည်ထောင်ခွင့်လာရောက်လျှောက်ထားခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် ချင်းပြည်သူ့ပါတီတို့သည် မတ်လ ၂၄ရက်နေ့အထိ စစ်ကောင်စီအလိုကျဖွဲ့စည်းထားသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံတင်ထားခြင်းမရှိဟု သတင်းအချို့တွင်တွေ့ရသော်လည်း မတ်လ၂၈ရက်နောက်ဆုံးနေ့တွင်မူ အခြားပါတီ ၁၁ခုနှင့်အတူ မှတ်ပုံတင်လျှောက်ထားလာကြောင်း UEC ၏ ကြေညာချက်တွင် တွေ့ရှိရသည်။

အဆိုပါ နိုင်ငံရေးပါတီ ၆၃ခုအနက် ၁၂ပါတီသည်စစ်ကောင်စီကျင်းပမည့် လာမည့်‌ရွေးကောက်ပွဲတွင် ပြည်ထောင်စုတဝန်းလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ကျန်၅၁ပါတီက တိုင်းသို့မဟုတ် ပြည်နယ်အဆင့်ယှဉ်ပြိုင်ကြမည်ဖြစ်သည်ဟု သိရသည်။

ပယ်ဖျက်ခံရသည့် ပါတီများထဲတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ)ပါဝင်သော်လည်း ယင်းပါတီမှာ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ)အဖြစ် နာမည်ပြောင်းကာ အသစ် မှတ်ပုံပြန်တင်ထားခြင်းဖြစ်သည်။

စစ်ကောင်စီက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ဇန်နဝါရီလ ၂၆ ရက်နေ့က ပြဋ္ဌာန်းခဲ့ပြီးနောက် ကြံ့ခိုင်ရေးပါတီ၊ ရခိုင်အမျိုးသားပါတီ ANP၊ စစ်ကောင်စီခန့်ဝန်ကြီး ဒေါ်သက်သက်ခိုင်၏ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ဦးကိုကိုကြီး၏ ပြည်သူ့ပါတီ၊ ဒေါက်တာအေးမောင်၏ ရခိုင့်ဦးဆောင်ပါတီ AFPတို့ကလည်း မှတ်ပုံပြန်တင်ခဲ့ကြသည်။

စစ်ကောင်စီပြုလုပ်မည့်ရွေးကောက်ပွဲကို ပြည်သူအများစုက စိတ်မဝင်စားကြသည့်အပြင် အသိအမှတ်လည်းမပြု၊ တရားလည်းမဝင်ကြောင်း ပြောဆိုကြသည်။ NUG အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအင်အားစုများ၊ နွေဦးတော်လှန်ရေးအဖွဲ့အစည်းများက စစ်ကောင်စီအလိုကျ တစ်ဖက်သတ် ပြုလုပ်မည့်ရွေးကောက်ပွဲကို ကျင်းပခွင့်လုံးဝမရှိစေရဟု ပြောဆိုထားမှုတွေလည်း ရှိနေသည်။