May 22, 2023, Comment off

စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ချင်းအမျိုးသားအပေါ်  လေကြောင်းတိုက်ခိုက်မှု ၇၇ ကျော် ပြုလုပ်၊ ၆၄ ဦးထက်မနည်း သေဆုံး

 

နိဒါန်း

စစ်ကောင်စီတပ်သည် ၂ နှစ်ကျော် ကာလအတွင်း ခုခံတော်လှန်ရေးအားကောင်းသည့် နေရာဒေသများကို စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာပြီး ဦးတည်ထိုးစစ်ဆင်မှုများ ပိုမိုပြုလုပ်နေသည်။ ကယားပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင် တိုက်ပွဲများပိုမိုပြင်းထန်လာသည်ကို တွေ့ရှိရသည်။ ထို့သို့ ထိုးစစ်ဆင်တိုက်ခိုက်လာရာ၌ စစ်ကောင်စီ၏ အင်အားချိနဲ့လာခြင်း၊ ဒေသခံခုခံတွန်းလှန်ရေးအဖွဲ့များ ပိုမိုအားကောင်းလာခြင်းတို့ကြောင့် စစ်ကောင်စီတပ်သည် လေကြောင်းစစ်ကူများကို တွင်ကျယ်စွာ အသုံးပြုလာခဲ့ပါသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ

စစ်ကောင်စီတပ်သည် ချင်းအမျိုးသားများနေထိုင်ရာ (ချင်းပြည်နယ်နှင့် ကလေးခရိုင်) အတွင်းသို့  ၂၀၂၁ခုနှစ်မှ ၂၀၂၃ခုနှစ် ဧပြီလ ၃၀အထိ လေကြောင်းတိုက်ခိုက်မှု ၇၇ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပါသည်။ လေကြောင်း တိုက်ခိုက်မှုကြောင့် ချင်းအမျိုးသား ၆၄ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ရပြီး လူနေအိမ်နှင့် ဘာသာရေးအဆောက်အဦး ၁၄၇ ထက်မနည်း ပျက်စီးခဲ့ရသည်။ ဤလေကြောင်းတိုက်ခိုက်မှုများ၏ ၇၁.၄၂ ရာခိုင်နှုန်းသည် ၂၀၂၃ ခုနှစ် ပထမလေးလ (ဇန်နဝါရီမှ ဧပြီလ) အတွင်း ဖြစ်ခဲ့ပြီး၊  ၂၀၂၂ ခုနှစ်တွင် ၂၀.၇၇ ရာခိုင်နှုန်း၊ ၂၀၂၁ ခုနှစ်တွင် ၇.၇၉ရာခိုင်နှုန်းသာ ရှိခဲ့သည်။

မှတ်ချက် – အထက်ပါ အချက်အလက်များသည် တိုက်လေယာဥ်နှင့် ရဟတ်ယာဥ်တို့ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ စက်သေနတ်ဖြင့် ပစ်ခတ်ခြင်းများကိုသာ ရေတွက်ထားခြင်းဖြစ်သည်။ ဗုံးကြဲခြင်း (သို့) စက်သေနတ်ဖြင့် ပစ်ခတ်ခြင်းမပြုဘဲ ပျံသန်းသည့် စစ်လေယာဉ်ကို ထည့်သွင်းရေတွက်ခြင်းမပြုပါ။

၂၀၂၁ ခုနှစ်အတွင်း လေကြောင်းတိုက်ခိုက်မှုများ

၂၀၂၁ ခုနှစ်၊ မေလ (၁၄-၁၅) ရက်နေ့တို့တွင် မင်းတပ်မြို့အတွင်း တိုက်လေယာဉ်၊ ကင်းထောက် လေယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ (၁၀) ရက်နေ့တွင် လုံလဲရ်(Lungler) ကျေးရွာရှိ စစ်ကောင်စီစခန်းအနီး တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ တိုက်လေယာဉ်အသုံးပြုကာ လုံလဲရ်ကျေးရွာအပေါ် ဗုံးကြဲ တိုက်ခိုက်ခဲ့မှုကြောင့် လူနေအိမ် ၃၄ လုံးနှင့် ဘုရားကျောင်း ၁ လုံး ပျက်စီးဆုံးရှုံးခဲ့သည်။

မှတ်ချက် – အထက်ပါ အချက်အလက်များသည် တိုက်လေယာဥ်နှင့် ရဟတ်ယာဥ်တို့ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ စက်သေနတ်ဖြင့် ပစ်ခတ်ခြင်းများကိုသာ ရေတွက်ထားခြင်းဖြစ်သည်။ ဗုံးကြဲခြင်း (သို့) စက်သေနတ်ဖြင့် ပစ်ခတ်ခြင်းမပြုဘဲ ပျံသန်းသည့် စစ်လေယာဉ်ကို ထည့်သွင်းရေတွက်ခြင်းမပြုပါ။

၂၀၂၂ ခုနှစ်အတွင်း လေကြောင်းတိုက်ခိုက်မှုများ

စစ်ကောင်စီတပ်သည် ၂၀၂၂ ခုနှစ်အတွင်း ချင်းအမျိုးသားများ နေထိုင်ရာဒေသသို့ လေကြောင်းတိုက်ခိုက်မှု ၁၆ကြိမ် ပြုလုပ်ခဲ့သည်။ ထို ၁၆ကြိမ်၌ စစ်ကောင်စီတပ်သည် ရဟတ်ယာဥ် (Helicopter) နှင့် တိုက်လေယာဥ် (Jet Fighter) များကို အသုံးပြုကာ ဗုံး ၂၅လုံး ထက်မနည်း ကြဲချခဲ့သည်။ ထို လေကြောင်းတိုက်ခိုက်မှု များကြောင့် အပြစ်မဲ့အရပ်သား ၅ ဦး အသက်ဆုံးရှုံးခဲ့ပြီး အရပ်သား ၁ ဦး ဒဏ်ရာရရှိကာ လူနေအိမ် ၈ လုံး၊ ဘုရားကျောင်း ၁ ဆောင်နှင့် စာသင်ကျောင်း ၁ လုံး ပျက်စီးဆုံးရှုံးခဲ့သည်။

မှတ်ချက် – အထက်ပါ အချက်အလက်များသည် တိုက်လေယာဥ်နှင့် ရဟတ်ယာဥ်တို့ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ စက်သေနတ်ဖြင့် ပစ်ခတ်ခြင်းများကိုသာ ရေတွက်ထားခြင်းဖြစ်သည်။ ဗုံးကြဲခြင်း (သို့) စက်သေနတ်ဖြင့် ပစ်ခတ်ခြင်းမပြုဘဲ ပျံသန်းသည့် စစ်လေယာဉ်ကို ထည့်သွင်းရေတွက်ခြင်းမပြုပါ။

၂၀၂၃ ခုနှစ်အတွင်း လေကြောင်းတိုက်ခိုက်မှုများ

၂၀၂၃ ခုနှစ်အတွင်း စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုအရေအတွက် ပိုမိုများပြားလာပါသည်။ ၂၀၂၃ ခုနှစ်၊ ဇနဝါရီလမှ ဧပြီလ ၃၀ အထိ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၅၅ကြိမ် ထက်မနည်း ပြုလုပ်ခဲ့သည်။

မင်းတပ်မြို့နယ်ကို ၁၃ကြိမ်တိုင်တိုင် လေကြောင်းတိုင်ခိုက်မှုပြုလုပ်ကာ ဗုံး ၃၈လုံဖြင့် ကြဲချခဲ့ပါသည်။ ထိုတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၆ဦးသေဆုံးခဲ့ပြီး ၇ဦး ဒဏ်ရာရကာ လူနေအိမ် ၁၀လုံးထက်မနည်း ပျက်ဆီးခဲ့ရသည်။

မတူပီမြို့နယ်သည် လေကြောင်းတိုက်ခိုက်မှု ၃ကြိမ်တွင် ဗုံး၆လုံးကြဲချခံရခြင်းကြောင့် စာသင်ကျောင်း ၁ကျောင်း ပျက်ဆီးယိုယွင်းခဲ့ရသည်။

ဟားခါးမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆ကြိမ်တွင် ဗုံး ၂၉လုံးဖြင့် အသုံးပြုခဲ့သည်ကိုတွေ့ရသည်။ ထိုတိုက်ခိုက်မှုကြောင့် ခရစ်ယာန် ဘုရား‌ကျောင်း ၁ကျောင်းနှင့် လူနေအိမ် အလုံး ၁၇ ထက်မနည်း ပျက်ဆီးခဲ့ရသည်။

ထန်တလန်မြို့နယ်တွင်း လေကြောင်းဖြင့် ၁၆ကြိမ်တိုက်ခိုက်စဥ် ဗုံး ၂၇လုံး ကြဲချခဲ့သည်။ ထိုတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူနှင့် ခုခံတော်လှန်ရေးအဖွဲ့ဝင် ၂၁ဦး ထက်မနည်းသေဆုံးခဲ့ပြီး ၂၃ဦးထက်မနည်း ဒဏ်ရာရကာ လူနေအိမ် ၄၆လုံးနှင့် ခရစ်ယာန်ဘုရားကျောင်း ၃ကျောင်းထက်မနည်း ပျက်ဆီးခဲ့ရသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် ဖလမ်းမြို့နယ်ကို လေကြောင်းတိုက်ခိုက်မှု ၅ကြိမ်ပြုလုပ်ခဲ့ကာ ဗုံး အလုံး၂၀ဖြင့် တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၁၂ဦးနှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင် ၁ဦးသေဆုံးခဲ့ပြီး ၇ဦး ဒဏ်ရာရကာ လူနေအိမ် ၁၀လုံးထက်မနည်း ပျက်ဆီးခဲ့ရသည်။ တီးတိန်မြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှု ၂ကြိမ်ပြုလုပ်ကာ ဗုံး ၃လုံးဖြင့် တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၁ဦးနှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင် ၂ဦးသေဆုံးခဲ့ရသည်။

ချင်းအမျိုးသားများနေထိုင်သော ကလေးမြို့နှင့် အနီးတဝိုက်တွင် လေကြောင်းတိုက်ခိုက်မှု ၁၀ကြိမ် ပြုလုပ်ကာ ဗုံး ၂၁ လုံး ကြဲချခဲ့ရုံသာမက ရဟတ်ယာဥ်အသုံးပြုကာ စက်သေနတ်ဖြင့် ပစ်ခတ်ခြင်းကိုလည်းပြုလုပ်ခဲ့ပါသည်။ ထိုတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၃ဦး ဒဏ်ရာရကာ လူနေအိမ် အလုံး၁၇ထက်မနည်းနှင့် ခရစ်ယာန်ဘုရားကျောင်း ၂ကျောင်း ပျက်ဆီးခဲ့ရသည်။

မှတ်ချက် – အထက်ပါ အချက်အလက်များသည် တိုက်လေယာဥ်နှင့် ရဟတ်ယာဥ်တို့ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ စက်သေနတ်ဖြင့် ပစ်ခတ်ခြင်းများကိုသာ ရေတွက်ထားခြင်းဖြစ်သည်။ ဗုံးကြဲခြင်း (သို့) စက်သေနတ်ဖြင့် ပစ်ခတ်ခြင်းမပြုဘဲ ပျံသန်းသည့် စစ်လေယာဉ်ကို ထည့်သွင်းရေတွက်ခြင်းမပြုပါ။

လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းအမျိုးသားများ သေဆုံးမှု

စစ်ကောင်စီမှ အာဏာသိမ်းပြီး (၂၀၂၁ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၃ခုနှစ် ဧပြီလ ၃၀အထိ) ချင်းအမျိုးသား ၄၄၀ ထက်မနည်းသေဆုံးခဲ့သည်။ လေကြောင်း ပစ်ခတ်မှုကြောင့် ၆၄ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒဏ်ရာရသူမှာ ၄၁ဦးထက်မနည်းရှိသည်။ လူနေအိမ်နှင့် အဆောက်အဦးများစွာပျက်ဆီးသည့်အနက် လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၄၇ ထက်မနည်း ပျက်စီးခဲ့ရသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ဆုံးရှုံးမှုများ
ဝေဘူလမြို့သားများ လေကြောင်းတိုက်ခိုက်မှုကြောင့်  သေဆုံးသူများကို မြှုပ်နှံနေစဥ် (Photo: Citizen journalist)

စစ်ကောင်စီတပ်၏ ချင်းအမျိုးသားများအပေါ် ထိုးစစ်ဆင်တိုက်ခိုက်မှုများ

စစ်ကောင်စီတပ်နှင့် ချင်းအမျိုးသား ကာကွယ်ရေးတပ်များအကြား တိုက်ပွဲပေါင်း ၇၀၀ နီးပါးဖြစ်ပွားခဲ့သည့်အနက် ၇၇ ကြိမ်ထက်မနည်းကို စစ်ကောင်စီတပ်မှ လေကြောင်းစစ်ကူများဖြင့် တိုက်ခိုက်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ နေရာအနှံ့မှ ခုခံတိုက်ခိုက်မှုအသီးသီးဖြစ်ပွားခဲ့ရာ ချင်းပြည်နယ်သည်တိုက်ပွဲဖြစ်ပွားမှု တတိယအများဆုံးဒေသဖြစ်သည်။

မှတ်ချက် – ဤအချက်အလက်များသည် အ‌ခြားလွတ်လပ်သောအဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များနှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များအပေါ် အခြေခံ၍ လက်လှမ်းမီသမျှ စုစည်းထားခြင်းဖြစ်သည်။ မြေပြင်၌ ယခုထက်ပိုမိုများနိုင်သည်။

 

အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု စည်းမျဥ်းဥပဒေ ချိုးဖောက်မှုများ

ပဋိပက္ခအတွင်း၌ အရပ်သားပြည်သူများအပေါ် ကာကွယ်မှု‌ပေးရေး (Civilian Protection) သည် အ‌ရေးကြီးဆုံးသော အရာတစ်ခုဖြစ်သည်။ ဤအချက်ကို အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဓလေ့ထုံးတမ်းဥပဒေ (Customary International Humanitarian Law) နှင့် စာချုပ်များ၌ အဓိကထားကာ မကြာခဏ ဖော်ပြလေ့ရှိကြသည်။ တိုက်ပွဲအတွင်းပါဝင်သူ (စစ်ကောင်စီနှင့် ခုခံတော်လှန်ရေးအဖွဲ့များ) များနှင့် အရပ်သားပြည်သူများအကြား အမြဲတစေခွဲခြားရေး၊ အင်အားသုံးစွဲမှု အတိုင်းအဆ၊ လူသားဆန်မှု (မလိုလားအပ်သော ဘေးထွက်ဆိုးကျိုးများနှင့် သေဆုံးမှုများ)၊ အရပ်ဘက်ဆိုင်ရာ အဆောက်အဦးများနှင့် ဘာသာရေးနှင့်ဆိုင်သော အဆောက်အဦးများအပေါ် စစ်ပွဲအပေါ်မည်သို့ ပြုကျင့်ရမည်တို့နှင့် ပတ်သက်၍ လူသားချင်းစာနာထောက်ထားမှု ဥပဒေများ၌ ယေဘုယျဖော်ပြလေ့ရှိသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် စစ်ကောင်စီအကြား တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးမှု (Nationwide Ceasefire Agreement – NCA) ၌ မြေမြုပ်မိုင်းတားမြစ်ရေး၊ ကလေးများကို ကာကွယ်မှု‌ပေးရေး၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် လိင်ကွဲပြားမှု တန်းတူရေး စသည့် အချက်များပါဝင်ပါသည်။ (စစ်ကောင်စီ၏ ချင်းအမျိုးသားများအပေါ် ရာဇဝတ်မှု ကျူးလွန်မှုများကို ချင်းရေးရာအဖွဲ့ချုပ် (Institute of Chin Affairs – ICA) ၏ website ၌ ရှာဖွေဖတ်ရှုနိုင်ပါသည်။)

စစ်ကောင်စီသည် ချင်းအမျိုးသားများအပေါ် လေကြောင်းတိုက်ခိုက်မှု ၇၇ကြိမ်ထက်မနည်း ပြုလုပ်ရာ၌ ချင်းအမျိုးသားသေဆုံးသူ ၆၄ဦးထက်မနည်းရှိသည့်အနက် ၁၀ဦး (၁၅ရာခိုင်နှုန်း) သာ ချင်းတော်လှန်ရေး တပ်ဖွဲ့ဝင် ဖြစ်ပြီး ကျန် ၅၄ဦး (၈၅ရာခိုင်နှုန်း) သည် အပြစ်မဲ့သာမန်အရပ်သားပြည်သူများဖြစ်ကြသည်။

ဤသည်မှာ စစ်ကောင်စီသည် “အပြည်ပြည်ဆိုင်ရာ‌ လူသားချင်းစာနာထောက်ထားမှု ဓလေ့ထုံးတမ်းဥပဒေ”၏ အရပ်သားများနှင့် တိုက်ပွဲဝင်စစ်သည်များအကြား ခွဲခြားခြင်း၊ အရပ်ဘက်အဆောက်အဦးများနှင့် စစ်ရေးဆိုင်ရာရည်မှန်းချက်များအကြား ခွဲခြားခြင်းစသည့် စည်းမျဥ်းစည်းကမ်းများကို သွေဖီကာ ခွဲခြားခြင်းမရှိဘဲ သိမ်းကြုံးတိုက်ခိုက်နေသည်ကိုတွေ့ရသည်။

ထိုသို့တိုက်ခိုက်ရာတွင်လည်း အချိုးအစားညီမျှရေး၊ တိုက်ခိုက်နေစဥ် ကြိုတင်ကာကွယ်လုပ်ဆောင်မှု၊ တိုက်ခိုက်မှု၏ အကျိုးအဆက်များကို ကြိုတင်ကာကွယ်မှု၊ အထူးကာကွယ်မှုပေးထားသော လူပုဂ္ဂိုလ်များနှင့် အရာဝတ္ထုများ (ဆေးဘက်ဆိုင်ရာနှင့် ဘာသာရေးဆိုင်ရာ လူပုဂ္ဂိုလ်များနှင့် အရာဝတ္ထုများ၊ လက်နက်အသုံးပြုမှုဆိုင်ရာ ယေဘုယျ စည်းမျဥ်းများ၊ မီးလောင်စေနိုင်သော လက်နက်များ၊ နေရပ်ရွှေ့ပြောင်းမှုနှင့် နေရပ်ရွှေ့ပြောင်းရသူများအပေါ် မည်ကဲ့သို့ ပြုမူဆက်ဆံရမည် စသဖြင့် လိုက်နာရမည့် စည်းမျဥ်း ၁၆၁ခု ရှိသည့်အနက် အရပ်သားပြည်သူများနှင့် စပ်ဆိုင်သော စည်းမျဥ်းအားလုံးကို ချိုးဖောက်ကြောင်း ထင်ရှားနေသည်။