July 10, 2023, Comment off

စစ်ကျွန်ပညာရေးကိုထင်ဟပ်စေသည့်စစ်ကောင်စီ၏ ၂၀၂၃တက္ကသိုလ်ဝင်တန်း အောင်စာရင်းထုတ်ပြန် ကြေငြာချက်

 

 

Salai Kurbungbel
ပုံစံခွက်ထဲက ပညာရေး

ခေတ်အဆက်ဆက် စစ်အာဏာရှင်များ၏ ခြယ်လှယ်မှု အောက်တွင် ကြီးပြင်းအသားကျနေလာကြသည့် ကျောင်းသား၊ မိဘ၊ ပြည်သူများသည့် ၄င်းတို့၏ ပညာရေးအမြင်ကို အတန်းအောင်ရုံသက်သက်ကိုသာ ဦးတည်ရမည်လော၊ သို့မဟုတ် ရောက်ရှိနေသည့်အတန်းနှင့် လျှော်ညီသည့် အရည်အချင်းပြည့်မီရေးကိုဦိးတည်ရမည်လော စသည်ဖြင့် မည်သည်ကိုဦိးတည်ရမည် မသိ ဝေဝါးနေသည့် အခြေအနေကိုရောက်ရှိနေပါသည်။ ဤသို့ဖြင့် အချို့သောမိဘတို့သည့် မိမိတို့သားသမီးများ အရည်အချင်းရှိသည်ဖြစ်စေ၊  မရှိသည်ဖြစ်စေ အတန်းအောင်မြင်ရေးကိုဦးတည်ကာ ငွေကုန်ကြေးကျခံ၊ အပြိုင်အဆိုင် လုပ်ဆောင်လာကြပါသည်ည်။ အခြေခံပညာရေးတွင် အတန်းအောင်မြင်ရေးကိုသာ ဦးတည်နေသကဲ့သို့ အဆင့်မြင့်ပညာရေး(တက္ကသိုလ်)များမှာလည်း အရည်အချင်းရှိရေးထက် ဘွဲ့ဒီဂရီရရှိရေးကိုသာဦးစားပေးနေ ရသည့် ပုံစံခွက်ထဲသို့ ရောက်ရှိလာပါသည်။ ထိုမှမှအမြစ်တွယ်လာခဲ့သော စစ်ကျွန်ပညာရေးကို ပြည်သူ့အစိုးရ တာဝန်ယူလာချိန်မှစတင်ပြီး အရည်အသွေးမြင့်မားလာစေရန် ဆောင်ရွက်ခဲ့ရာ ထိုဆောာင်ရွက်မှုကို ၂၀၁၉ ခုနှစ်၊(ပြည်သူ့အစိုးရခေတ်) လက်ထက် တက္ကသိုလ်ဝင်တန်း အောင်စာရင်းနှင့် ၂၀၂၃ခုနှစ်၊ စစ်ကောင်စီအုပ်ချုပ်မှုကာလ၏ တက္ကသိုလ်ဝင်တန်း အောင်စာရင်းထုတ်ပြန်ချက်တို့ကို နှိုင်းယှည်ကြည့်ပါက ကွက်ကွက်ကွင်းကွင်း မြင်တွေ့နိုင်မည် ဖြစ်ပါသည်။ 

၂၀၁၉ခုနှစ်(ပြည်သူ့အစိုးရခေတ်)စုစုပေါင်းအောင်ချက် ရာခိုင်နှုန်းမှာ စုစုပေါင်း၃၄.၄၄%ဖြစ်ပြီး အောင်ချက် ရာခိုင်နှုန်းအများဆုံးမှာ မွန်ပြည်နယ်၃၇.၅၄%ဖြစ်ပါသည်။အောင်ချက် အနည်ဆုံးမှာ ချင်းပြည်နယ် ၁၉.၅၉% ဖြစ်ပါသည်။

၂၀၂၃ခုနှစ် စစ်ကောင်စီထုတ်ပြန်သော အောင်စာရင်းတွင်မူ စုစုပေါင်းအောင်ချက်ရာခိုင်နှုန်းမှာ ၆၇.၈၇% ဖြစ်ပြီး အောင်ချက်ရာခိုင်နှုန်းအမျာဆုံးမှာ မကွေးတိုင်းဒေသကြီး (၇၅.၀၄%) ဖြစ်ပါသည်။ အနည်းဆုံးမှာ ၅၅.၃၈%ဖြင့် ရှမ်းပြည်နယ်(အရှေ့) ဖြစ်ပါသည်။

တိုင်းပြည်ပျက်လေ၊ ပညာမြင့်လေလော

ထူးဆန်းအံ့သြဖွယ် ကောင်းလောက်အောင် စစ်ကောင်စီ၏ ၂၀၂၃အောင်ချက်ရာနှုန်းမှာ ၂၀၁၉(ပြည်သူ့အစိုးရ) အောင်ချက်ရာနှုန်းထက် ၃၃.၄၃ ရာခိုင်နှုန်း မြင့်မားလာသည်မှာ တိုင်းပြည်ပျက်လေ၊ ပညာမြင့်လေလားဟု တွေးထင်စရာဖြစ် နေပါတော့သည်။ ထို့အပြင် ၂၀၁၉ခုနှစ်တွင် ၁၉.၅၉%ဖြင့် အောင်ချက်ရာခိုင်နှုန်း အနည်းဆုံးဖြစ်ခဲ့သည့်  ချင်းပြည်နယ်သည် ၂၀၂၃ ခုနှစ် တွင် ၇၂.၄၂%ဖြင့် အောင်ချက်ရာနှုန်း တတိယအများဆုံး သို့ရောက်ရှိလာသည်မှာ ယုတ္တိမကျ၊ မယုံကြည်နိုင်ဖွယ်ပင်။ ဤတွင် စဥ်းစားစရာကောင်းသည်မှာ အာဏာသိမ်းမှု ဖြစ်စဥ်ကြောင့် ကျောင်းတက်သူနည်းပါးလာကာ စာသင်ချိန် ကာလအနည်းငယ်သာရှိခဲ့သော်လည်း  အာဏာရှင်တို့  လမ်းစဥ်အတိုင်း  အတန်းတင်စာမေးပွဲများ   မဖြစ်မနေ  ကျင်းပစေခဲ့သည်။ ထို့နောက် တက္ကသိုလ်၀င်တန်းအောင်ချက်ရာနှုန်းကို မြင့်တက်သည်ဟု စစ်ကောင်စီက ထုတ်ပြန်ကြေငြာခဲ့သည်။

တက္ကသိုလ်ဝင်တန်းဖြေဆိုနေစဥ်

သို့ရာတွင် စာမေးပွဲအောင်ချက်အဆမတန်မြှင့်တင်နေသူ အာဏာသိမ်းခေါင်းဆောင်က ယခင်အစိုးရလက်ထက်၌ စာတတ်မြောက်ရေးထက် အတန်းတက်ရေး ဦးစားပေးခဲ့သဖြင့် မြန်မာ့ပညာရေး အားနည်းခဲ့သည်ဟု ပြစ်တင်ဝေဖန်ထားပြန်သည်။ ထို့ပြင် နိုင်ငံတည်ဆောက်ရေးအတွက် ပညာတတ်များ ပေါများရေး ဦးစားပေးဆောင်ရွက်နေသည်ဟုပင်  မေလအတွင်းက ပညာ‌ရေးညီလာခံ၌ စစ်ခေါင်းဆောင်က ထည့်သွင်းပြောဆိုခဲ့ကြောင်း တွေ့ရှိရသည်။ စစ်ခေါင်းဆောင်က ပညာရေးကိုအားပေးသယောင် ကြွေးကြော်နေသော်လည်း ကျောင်းပရဝုဏ်အတွင်းအထိ လက်နက်ကိုင် များစောင့်ကြပ်စေထားသည့်အပြင် ၊  စစ်ကောင်စီ၏ နည်းလမ်းမျိုးစုံဖိနှိပ်မှု အောက်သို့ရောက်ရှိနေသည့် မြန်မာ့ပညာရေး၏ ရှေ့ရေးမှာ မတွေးဝံ့စရာပင် ဖြစ်နေပါတော့သည်။