
November 20, 2021, Comment off
၂၀၂၁ အောက်တိုဘာလအတွင်း စစ်ကောင်စီတပ်၏ ချင်းလူမျိုးများအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ
အောက်တိုဘာ (၄) ရက်နေ့
ကလေးမြို့မှ တောင်ဘက်သို့ ထွက်ခွာလာသည့် စစ်ကောင်စီတပ်၏ စစ်ကား ၁၀ စီးခန့်သည် ချင်းပြည်နယ် ပါမွန်းချောင်းရွာဘက်သို့ ဦးတည်သွားသည်။ စစ်ကား ၂ စီးသည် ချောင်းခွကျေးရွာ တွင် ညအိပ်ရပ်နားပြီး ရွာထဲရှိ ဆိုင်ကယ် (၃) စီး၊ ပိုက်ဆံ (၇) သိန်း၊ ကွန်ပျူတာ၊ မီးအားမြင့်စက်နှင့် အိမ်မွေးကြက်များအား ခိုးယူခဲ့သည်။
အောက်တိုဘာ (၈) ရက်နေ့
၁။ မနက် (၈) နာရီခန့်တွင် ဂန့်ဂေါဘက်မှ စစ်ကား အစီး ၅၀ ကျော်သည် ကလေးမြို့ဘက်သို့ ဦးတည်သွားနေစဉ်အတွင်း ကလေး-ဂန့်ဂေါလမ်းဘေးရှိ ချောင်းခွကျေးရွာသို့ လက်နက်ကြီး များဖြင့် ပစ်ခတ်သောကြောင့် ချောင်းခွနှစ်ခြင်းဘုရားကျောင်းဝန်းအတွင်း လက်နက်ကြီး ကျရောက်ပြီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။
၂။ ကလေး-ဂန့်ဂေါလမ်းပေါ်ရှိ သာယာကုန်းကျေးရွာတွင် စစ်ကောင်စီတပ်မှ ဆိုင်ကယ်ပြင်ဆိုင် အပါအဝင် အိမ် (၄) လုံး မီးရှို့ဖျက်ဆီးခဲ့သည်။ ဦးဆဲန်ထန်း (၄၀ နှစ်) နှင့် ရွာသား (၂) ဦးအား ခြိမ်းခြောက်ကာ ဖမ်းဆီးခဲ့သည်။ သေနတ်များဖြင့် ပစ်ခတ်မှုကြောင့် ရွာသား (၁) ဦး၏ ခြေထောက် ကျည်ထိမှန်ခဲ့ရသည်။ ၎င်းအပြင် ဆိုင်ကယ် (၂) စီးအား ခိုးယူခဲ့သည်။
အောက်တိုဘာ (၉) ရက်နေ့
၁။ တီးတိန်မြို့နယ်သို့ တင့်ကား နှစ်စီးအပါအဝင် စစ်ကား အစီး ၂၀ ကျော် တက်လာရာ ကလေး-တီးတိန်ကားလမ်းမဘေးရှိ ဟိန်ဇိန်ရွာအရောက်တွင် စစ်ကောင်စီတပ်သားများမှ ရွာထဲတွင် ပစ်ခတ်ခြင်း၊ ပစ္စည်းများ ခိုးယူခြင်းတို့ကို ပြုလုပ်ခဲ့သည်။ အစားအသောက်၊ အသုံးအဆောင်၊ ဖုန်း နှင့် ကြက်ဝက်တို့ကို ခိုးယူခဲ့သည်။
၂။ ၎င်းအပြင် သိုင်းငင်းကျေးရွာတွင်လည်း အသက် (၈၅) နှစ် အရွယ် အဘွားအို၏ နေအိမ်အား ကျူးကျော်ဝင်ရောက်ခဲ့ပြီး အလှူငွေများ ခိုးယူခဲ့သည်။
အောက်တိုဘာ (၁၁) ရက်နေ့
ချင်းပြည်နယ်ဘက်သို့ စစ်ကား အစီး ၅၀ ဖြင့် တက်လာသည့် စစ်ကောင်စီတပ်သည် လုမ်ဘန် ကျေးရွာ၊ အထကကျောင်းနှင့် တိုက်နယ်ဆေးရုံတွင် ညအိပ်ရပ်နားကြပြီး ရွာထဲရှိ စားသောက် ဆိုင်မှ တီဗီ တစ်လုံး၊ ဆန်၊ ဆီ နှင့် ပစ္စည်းများ ခိုးယူခဲ့သည်။ ထို့အပြင် ဆောက်လုပ်ရေးရုံးထဲမှ ဆိုင်ကယ် (၁) စီး၊ ဒီဇယ် (၁) ပေပါ နှင့် နေအိမ်များမှ ကွန်ပျူတာ၊ အလှူငွေများ၊ အသုံးအဆောင် တစ်ချို့၊ ကြက်၊ ဝက်တို့ကိုလည်း ခိုးယူခဲ့သည်။
အောက်တိုဘာ (၁၃-၁၄) ရက်နေ့
၁။ အောက်တိုဘာ (၁၁) ရက်နေ့က ဖလမ်းမြို့နယ်၊ ထင်းရှုးစခန်းအနီးတွင် ကလေးမြို့မှ တက် လာသည့် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားသည့် သူဖေ (Tuphei) ရွာသား နှစ်ဦးဖြစ်သည့် Thawng Lun Mang (၂၉ နှစ်) နှင့် Thawng Nei Mawi (၃၄ နှစ်) တို့၏ အလောင်းကို လမ်းဘေးတွင် တွေ့ရှိရသည်။
၂။ ဖလမ်းမြို့နယ် ရီလ်သီး (Rialti) ကျေးရွာ တွင် နှစ်ခြင်းဘုရားကျောင်းနှင့် ဂိုဒေါင် အပါအဝင် လူနေအိမ် (၁၀) လုံးခန့်သည် စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခြင်းခံ ရသည်။ Rialti ရွာသည် စုစု ပေါင်း နေအိမ် (၁၁) အိမ်ခန့်နှင့် လူဦးရေ (၄၃) ဦး နေ ထိုင်သည့်ရွာ ဖြစ်ပါသည်။ စစ်ကောင်စီ တပ်၏ အကြမ်းဖက်မှုကြောင့် ရွာလုံး ကျွတ်နီးပါး ဖျက်ဆီးခြင်းခံခဲ့ရသည်။ ဆုံး ရှုံးမှု တန်ဖိုးမှာ ကျပ်သိန်းပေါင်း (၄၇၁၂) သိန်းကျော်ထိ ရှိပါသည်။
Estimate lost value of houses burned down in Rialti village | ||
No | Head of Household | MMK |
1 | U Khup Hlei Thang | 38,260,400.00 |
2 | Daw Za Nei Men | 101,580,000.00 |
3 | U Thang Za Sawn | 22,305,000.00 |
4 | Daw Emlina | 15,108,000.00 |
5 | U San Cin | 28,486,100.00 |
6 | U Sang Hnin | 89,012,000.00 |
7 | U Van Hlei Ceu | 44,730,000.00 |
8 | U Sui Cem | 76,481,000.00 |
9 | Church building and shed | 55,325,600.00 |
Total in MMK | 471,288,100.00 |
၃။ အောက်တိုဘာ (၁၄) ရက်နေ့တွင် အိမ်ခြေ (၃၀) ခန့် ရှိသည့် ထလန် ရောန် (Thlanrawn) ရွာသစ်တွင် စစ် ကောင်စီတပ်၏ မီးရှို့မှုကြောင့် သင်း အုပ်ဆရာအိမ်အပါအဝင် နေအိမ်(၁၄) လုံးခန့် မီးလောင်ပျက်စီးခဲ့ရသည်။ ၎င်းအပြင် နေအိမ် (၁၀) အိမ်ခန့်သည် လူနေထိုင်၍ မရတော့သည်အထိ စစ် ကောင်စီတပ်၏ ဖျက်ဆီးခြင်းခံခဲ့ရ သည်။ ပျက်စီးမှု တန်ဖိုးစုစုပေါင်းမှာ ကျပ်သိန်းပေါင်း (၁၃၁၁) ကျော်ထိ ရှိပါသည်။
Estimate lost value of houses burned down in Thlanrawn village | ||
No | Head of Household Name | MMK |
1 | Pa Van Thawm Lian | 10,771,000 |
2 | Nu Sui Nei Iang | 8,455,000 |
3 | Pa Than Sum | 5,478,000 |
4 | Pa Hram Ngerh | 14,470,000 |
5 | Pastor Biak Thluai (Quarter) | 13,066,000 |
6 | Pastor Biak Thluai | 2,036,500 |
7 | Pa Nawl Kip Thang | 7,018,000 |
8 | Pa Mawng Uk Thang | 8,205,000 |
9 | Pa Mang Or | 7,825,000 |
10 | Nu Phun Thim | 5,615,000 |
11 | Pa Van Thawng Uk | 5,345,000 |
12 | Nu Hrang Kip Hliang | 11,115,000 |
13 | Pa San Mang | 21,990,000 |
14 | Pa Bawi Lian Nawl | 9,716,000 |
Total in MMK | 131,105,500 |
အောက်တိုဘာ (၁၈) ရက်နေ့
စစ်ကောင်စီတပ်သည် အောက်တိုဘာ (၁၇-၁၉) ရက်အထိ တားလ်ကျေးရွာတွင် စခန်းချခဲ့ကြပြီး အောက်တိုဘာ (၁၈) ရက်နေ့တွင် တားလ်ရွာရှိ နေအိမ် (၄) လုံးအား မီးရှို့ဖျက်ဆီးခဲ့ကြသည်။ ထို့အပြင် နေအိမ် (၃) လုံးအား လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင့် လူနေထိုင်လို့ မရသည်အထိ ပျက်ဆီးခဲ့ရသည်။ နေအိမ် (၆) လုံးမှ အသုံးအဆောင်၊ ဆိုင်ကယ်၊ အိမ်မွေးတိရစ္ဆာန်များ ခိုးယူ သတ်ဖြတ်ခဲ့သည် သာမက အိုးခွက်ပန်းကန်အထိပါ ခိုးယူသယ်ဆောင်ခဲ့ကြသည်။
အောက်တိုဘာ (၁၉) ရက်နေ့
၁။ နံနက် (၃) နာရီခန့်တွင် ဖလမ်းမြို့ လုံပီးရပ်ကွက်ရှိ စန်းသော်တာစတိုးအား မီးရှို့ဖျက်ဆီးပြီး ဘေးနား ရှိ ဆိုင်တစ်ဆိုင်ကိုလည်း ဖောက်ထွင်းခိုးယူခဲ့သည်။
၂။ စစ်ကောင်စီတပ်သည် အိမ်ခြေ (၁၆၀) ကျော်ရှိသည့် ရမ်ထလိုကျေးရွာ၊ နှစ်ခြင်းဘုရား ကျောင်းတွင် ညအိပ်စခန်းချပြီး အိမ် (၁၀၀) ကျော်အား ဖောက်ထွင်းခိုးယူခဲ့သည်။ အသုံး အဆောင်၊ အစားအသောက်၊ အိမ်မွေးတိရစ္ဆာန်များအား ခိုးယူသတ်ဖြတ်ခဲ့ကြသည်။
၃။ စစ်ကောင်စီတပ်မှ တပ်ကား အစီး (၃၀) ကျော်ခန့်သည် တလန်ဇာန်ရွာထဲသို့ ဝင်ရောက်ကာ ဘေးနားရှိ ရမ်ထလိုကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။
၄။ တလန်ရောန်ရွာ (သစ်) အိမ်တစ်အိမ်ကို မီးရှို့ပြီး နှစ်ခြင်းဘုရားကျောင်းရှိ ပစ္စည်းများအား မီးရှို့ဖျက်ဆီးခဲ့ကြပါသည်။
၅။ မင်းတပ်မှ မတူပီဘက်သို့ ထွက်လာသည့် စစ်ကောင်စီတပ်သည် အေးသာယာရွာတွင် ဝင်ရောက်ပြီး နေအိမ် (၂၇) လုံးခန့် ဖောက်ထွင်းပြီး အိမ်ထဲရှိ ရိက္ခာများအပါအဝင် ဆိုလာပြား၊ TV၊ စလောင်းများနှင့် ရိုးရာပစ္စည်းများပါ ခိုးယူခဲ့ကြသည်။
အောက်တိုဘာ (၂၀) ရက်နေ့
စစ်ကား အစီး (၃၅) စီးခန့်သည် ဟားခါးမြို့နယ် ချွန်ကျုံးကျေးရွာသို့ ဝင်ရောက်လာြပီး လက်နက် ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။
အောက်တိုဘာ (၂၃) ရက်နေ့
၁။ မတူပီမြို့နယ်၊ ရေဇွာြမို့တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် နေအိမ် (၄) လုံး မီးလောင်ပျက်ဆီးခဲ့ရသည်။
၂။ ဟားခါးဘက်မှ ပြန်လှည့်လာသည် စစ်ကောင်စီယာဉ်တန်းသည် ရမ်ထလို ကျေးရွာတွင် တဖန် ညအိပ်ရပ်နားကြပြီး ရွာထဲသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ ဖောက်ထွင်း ခိုးယူခဲ့ကြပြန်သည်။
၃။ ကလေးမြို့နယ် သံဖိုကျေးရွာတွင် ညနေ (၃) နာရီခန့် စစ်ကား (၂) စီး၊ အင်အား (၄၀) ခန့်ဖြင့် ရွာထဲသို့ ဝင်ရောက်ခဲ့ပြီး Redeemer ဘုရားကျောင်း နှင့် နေအိမ်တစ်ချို့တွင် ရှာဖွေမှု ပြုလုပ်ခဲ့သည်။ ရွာသား (၄) ယောက် ((၁) Baw Bawi, (၂) Zaw Min Tun, (၃) Sa Sang နှင့် (၄) David) နှင့် KhupLeng ရွာသား (၁) ဦး ဖမ်းဆီးခံရသည်။
အောက်တိုဘာ (၂၄-၂၅) ရက်နေ့
၁။ စစ်ကောင်စီတပ်သည် တားလ်ကျေးရွာသို့ အောက်တိုဘာ (၂၄) ရက်နေ့တွင် တဖန်ပြန် လည် ဝင်ရောက်လာပြီး ညအိပ်စခန်းချ ရပ် နားကာ နေအိမ် (၁၁) လုံးအား မီးရှို့ဖျက်ဆီးခဲ့ ပါသည်။ နေအိမ် (၈) လုံး လုံးဝပျက်စီးကာ မီး လောင်ပြာ ကျခဲ့ရသည်။ နေအိမ် (၃၄) အိမ် ဖောက်ထွင်း ခံရပြီး လူနေအိမ်အများအပြားတွင်လည်း ဆဲရေး တိုင်းထွာသည့် စာများ၊ ရွာ လုံးကျွတ်မီးရှို့ပစ်မည် ဆိုသည့် ခြိမ်းခြောက် စာများ ရေးသားခဲ့ကြသည်။ တားလ်ကျေးရွာ သည် ဇူလိုင် လမှစ၍ စစ်ကောင် စီတပ်၏ (၄) ကြိမ်တိုင်တိုင် ဝင်ရောက် ဖျက်ဆီးခံ ရသည့် ရွာလည်း ဖြစ်ပါသည်။ အောက်တိုဘာလ အတွင်း စစ်ကောင်စီ၏ အကြမ်းဖက်မှုကြောင့် တားလ်ကျေးရွာ၏ ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်သိန်း ပေါင်း (၁၂၈၄) ကျော်ထိ ရှိပါသည်။

၂။ ထလန်ရောန်ကျေးရွာ ရှိ လူနေအိမ် (၃) လုံးအား စစ်ကောင်စီတပ်မှ ထပ်မံမီးရှို့ ဖျက်ဆီး ခဲ့ပါသည်။ ဆုံးရှုံးမှုတန်ဖိုး စုစုပေါင်း ကျပ်သိန်းပေါင်း (၁၈၉) ကျော်ခန့်ရှိသည်။
No | Head of household | Lost value (MMK) |
1 | Pa Dawt Hlei Cung | 9,176,000 |
2 | Pa Biak San Ceu | 4,715,000 |
3 | Pa Tawk Nei Zul | 5,025,000 |
Total in MMK | 18,916,000 |

အောက်တိုဘာ (၂၆) ရက်နေ့
ဖလမ်းမှ ကလေးဘက်သို့ ဆင်းလာသည့် စစ်ကားသည် ဘူဖေကျေးရွာတွင် စခန်းချရပ်နားပြီး ရွာထဲရှိ ကြက်၊ ဝက်တို့အား သတ်ဖြတ်ခဲ့ကြသည်။
အောက်တိုဘာ (၂၉-၃၀) ရက်နေ့
စစ်ကောင်စီတပ်သည် ထန်တလန်မြို့သို့ ဒုတိယ အကြိမ် ဝင်ရောက်ပြီး လက်နက်ကြီးများဖြင့် ပစ် ခတ်မှုကြောင့် CB Bank အပါအဝင် နေအိမ် (၁၆၄) ကျော် မီးလောင်ပြာကျခဲ့ရသည်။ Church on the Rock (COTR) နှင့် Presbyterian ဘုရားကျောင်း လည်း မီးလောင်သည့်အထဲ ပါသွားခဲ့သည်။
စက်တင်ဘာ (၁၈) ရက်နေ့ မြို့တွင်းမီးလောင်မှုနှင့် တိုက်ပွဲများကြောင့် ထန်တလန်မြို့ပြည်သူများ အားလုံးနီးပါး မြို့အား စွန့်ခွာထွက်ပြေးကြပြီး ဖြစ် သည်။ ယခုအချိန်တွင် ခမရ ၂၆၉ မှ ဒုတိယ ဗိုလ်မှူးကြီး သောင်းလှိုင်ဦးစီးသည့် စစ် ကောင်စီ တပ်သည် ထန်တလန်မြို့တွင် တပ်စွဲထားသည်။
