November 8, 2022, Comment off
India-Myanmar နယ်စပ် စစ်ဘေးရှောင်စခန်းတွင် အနွေးထည် အရေးပေါ်လိုအပ်နေ
India-Myanmar နယ်စပ်သို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံမှ စစ်ဘေးရှောင် ပြည်သူများ ဆောင်းရာသီအတွက် အနွေးထည်များ လိုအပ်ကြောင်း သိရသည်။
India-Myanmar နယ်စပ်သည် မကြာခဏ ရာသီဥတုဖောတ်ပြန်မူရှိနေတက်ပြီး၊ ယခင်နှစ်များတွင် နှင်းတွေကျတဲ့ထိ အေးခဲနေသည် ဟုZokhawthar ကျေးရွာတာ၀န်ခံ Pu Muana ကပြောသည်။
“နှစ်တိုင်း ဆောင်းရာသီမှာ ရေတွေတော့ ခဲနေတယ်၊ ဒီဂရီဘယ်လောက်ထိရောက်တယ် ဆိုတာတော့ ကျွန်တော်လည်း တိကျမသိဘူး၊ အအေးဒဏ်တော့ ရက်စက်တယ်၊ အဲဒါကြောင့် ကျွန်တော်တို့ တက်နိုင်သလောက် စောင်တွေ ဝေပေးတယ်၊ အနွေးထည်တွေတော့ အလှူရှင်မရှိသေးတော့ မပေးနိုင်သေးဘူး” ဟု ပြောသည်။
နယ်စပ်စစ်ရှောင်စခန်းများတွင် အနွေးထည်လုံလောက်မူမရှိသောကြောင်း ကလေးသူငယ်များအတွက် ပိုပြီး စိုးရိမ်ရသည်ဟု ဒုက္ခသည်စခန်းတွင် နေထိုင်သည့် U Ringa ကဆိုသည်။
“လူကြီးတွေပိုင်းတော့ ပိုပြီးခံနိုင်တာပေါ့၊ ဒါပေမဲ့ ကလေးတွေ အတွက်စိုးရိမ်ရတယ်၊ အနွေးထည်တွေ လုံး၀မလုံလောက်ဘူး” ဟုပြောသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှ Mizoram ပြည်နယ်၏ အရပ်ဒေသအသီးသီးတွင် စစ်ဘေးရှောင် ဒုက္ခသည်လူပေါင်း ၃၀,၄၀၁ ဦးရောက်ရှိနေကြောင်း Mizoram အစိုးရ၊ ပြည်ထဲရေး ၀န်ကြီးဌာန စာရင်းများအရ သိရသည်။