
November 16, 2022, Comment off
ကိုယ်ရောက်ရှိသည့် ဒေသဓလေ့ကျင့်ထုံးများကို လိုက်နာကြရန် Zokhawthar YMA မှ စစ်ဘေးရှောင်များအားတိုက်တွန်း
“ဟောပြောပွဲတက်ရောက်လာကြသော စစ်ဘေးရှောင်ပြည်သူများ”
ကိုယ်ရောက်ရှိသည့် ဒေသဓလေ့ကျင့်ထုံးများကို လိုက်နာကြရန် Zokhawthar YMA မှ စစ်ဘေးရှောင်များအားတိုက်တွန်း
မြန်မာနိုင်ငံပြည်တွင်း မတည်ငြိမ်မူကြောင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ Zokhawthar ကျေးရွာတွင် ရောက်ရှိနေသည့် စစ်ဘေးရှောင်များကို ကိုယ်ရောက်ရှိနေသည့်ဒေသ ကျင့်ထုံး၊ စည်ကမ်းများကို လိုက်နာကြရန် Zokhawthar ကျေးရွာ YMA က နိုဝင်ဘာ (၁၅) ရက်နေ့တွင် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် ကျေးရွာလူငယ်ခေါင်းဆောင်များမှ သာရေးနာရေးများတွင် ဒေသရိုးရာကျင့်ထုံးများနဲ့အညီ တက်နိုင်သလောက် ပါ၀င်ပေးရန်၊ ယာဉ်စည်းကမ်းများကို လိုက်နာကြရန်၊ ခိုးမှု၊ မူးယစ်ဆေးဝါးများ တားမြစ်ပပျောက်ရေးတွင် အတူတကွ ပူးပေါင်းပါဝင် လုပ်ဆောင်ကြရန် တိုက်တွန်းမှာကြားခဲ့သည်။
“YMA ခေါင်းဆောင်များ”
လူငယ် ဒုတိယ ဥက္ကဌ Pu Dintea က “ကျွန်တော်တို့ ကျေးရွာအတွင်း ဆိုင်ကယ်စီးရင် အမြန်နှုန်း မီတာ ၂၀နဲ့ စီးလေ့ရှိတယ်။ ဒါပေမယ့် စစ်ဘေးရှောင်များက လူကြီးခရီးစဉ်နှင့် အရေးပေါ်ကားများကို စည်းကမ်းပျက်ပြားစွာ ကျော်သွားတာတွေ တွေ့ရတဲ့အတွက် စိတ်မကောင်းဘူး၊ နောက်ဆိုရင် စည်းကမ်းရှိဖို့နှင့် နောက်နောင် စည်းကမ်းဖောက်ဖျက်မှု ရှိပါက လုံး၀တာ၀န်ယူမည် မဟုတ်” ဟုပြောသည်။
ထို့ပြင် ကျွန်တော်တို့ မီးဇို/ချင်းလူမျိုးများသည် သက်ကြီးရွယ်အိုများကို ရိုသေလေးစာခြင်း၊ ကူညီခြင်းများသည် ဘိုးဘေးများ၏ ထုံးတမ်းစဉ်လာ ဖြစ်သောကြောင့် ထိန်းသိမ်း အတုယူလုပ်ဆောင်ကြရန် လိုအပ်ကြောင်း လူငယ်ခေါင်းဆောင်များမှ တိုက်တွန်းခဲ့သည်။
ယခုကဲ့သို့ မြန်မာနိုင်ငံမှလာသည့် စစ်ဘေးရှောင်များ ဟောပြော၊ တိုက်တွန်းခြင်းကို Zokhawthar, Young Mizo Association မှ ကြီးမှူးကျင်းပခြင်းဖြစ်သည်။
“ဟောပြောပွဲတက်ရောက်လာကြသော စစ်ဘေးရှောင်ပြည်သူများ”
လက်ရှိ Mizoram ပြည်နယ်၊ Zokhawthar ကျေးရွာအတွင်း စစ်ဘေးရှောင်ပြည်သူ အိမ်ထောင်စုပေါင်း ၆၀၀ ကျော်နှင့် လူဦးရေ စုစုပေါင်း ၁၂၈၈ ဦးရှိကြောင်း ကျေးရွာလူငယ်များ၏ မှတ်တမ်းများအရ သိရသည်။