November 26, 2022, Comment off

စစ်‌ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မူကြောင့် တာဟန်းရပ်ကွက်တွင် ကလေး အပါအ၀င် ပြည်သူ (၄) ဦး ဒါဏ်ရာရ

စစ်ကိုင်းတိုင်း ဒေသကြီး၊ ကလေးမြို့၊ တာဟန်းရပ်ကွက်တွင် ယနေ့(၂၆ရက် နိုဝင်ဘာလ ၂၀၂၂ခုနှစ်) ည ၇ နာရီခန့်တွင် စစ်ကာင်စီ၏ လက်နက်ကြီး ပစ်ခတ်မူကြောင့် ကလေး အပါအ၀င်  ပြင်သူ (၄) ဦး ဒါဏ်ရာရရှိကြောင်း ဒေသခံများထံမှ သိရသည်။

 

အဆိုပါ လက်နက်ကြီးပစ်ရာတွင် ပထမအကြိမ် တာဟန်း ရပ်ကွက် နယ်မြေ (၁၀) တွင် ကျရောက်ခဲ့ပြီး ၃ ဦး အပြင်းအထန်ဒါဏ်ရာ ရရှိခဲ့သည်။ ဒုတိယအကြိမ်မှာ ဘယ်နေရာမှန်း အတိအကျမသိရှိပေမဲ့ ပြင်းထန်ဒါဏ်ရာ ရရှိသူ ရှိခဲ့သည်ဟု သိရသည်။

 

အမည်‌မဖော်လိုသည့် ဒေသခံတစ်ဦးက “အိမ်တစ်လုံးကိုထိမှန်ပြီး အသက် ၁၁ နှစ် အရွယ်၊ ၁၃ နှစ်အရွယ် နှင့် အသက် ၈၀ အရွယ်အဘွားအို တစ်ဦးထိမှန်ခဲ့သည်” ဟုပြောသည်။

 

မကြာသေးမှီ လတွင်လည်း ကလေးမြို့၊ တာဟန်းရပ်ကွက်တွင် စစ်ကောင်စီ၏ လက်လက်ကြီးပစ်ခတ်မူကြောင့် အပစ်မဲ့ပြည်သူ ထိမှန် သေဆုံးမူများရှိခဲ့ကြောင်း သိရသည်။ သတင်းမှန်းမျာကို ဆက်လက်စုံစမ်းဆဲဖြစ်သည်။