November 27, 2022, Comment off

ကလေး-တမူးကြား တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့၀င် ၃ ဦးသေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်မြောက်ပိုင်း၊ ရာဇာဂြိုလ်လမ်းခွဲတွင် တပ်စွဲထားသည့် စစ်ကာင်စီတပ် နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ကြား နို၀င်ဘာ ၂၆ ရက်နေ့၊ နေ့ခင်း (၂) နာရီ အချိန်ခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၃ ဦးသေဆုံးခဲ့ကြောင်း Ranger Kalay Defend Force (RKDF) က ထုတ်ပြန်ခဲ့သည်။

ဖြစ်စဉ်မှာ ကလေး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်မှ ကလေး-တမူးကြား ရာဇဂြိုလ်လမ်းခွဲတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များကို ၀င်ရောက်စီးနင်းခဲ့ပြီး (၂) နာရီခွဲခန့် နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွါးခဲ့ပြီး၊ စကစ တပ်ဖွဲ့၀င် ၃ ဦးကျဆုံးပြီး၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖြစ်သည့် RKDF မှ တပ်ဖွဲ့၀င် (၂) ဦး လက်နက်ကြီးထိ (မစိုးရိမ်ရ) ဒါဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွင် RKDF, CNDF, HNB, GRF, UGF S2 ကလေး၊ မြောက်ပိုင်း ပကဖ၊ ဒေါင်းသွေးရာဇာ တပ်ဖွဲ့တို့ ပါ၀င်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ယခုလို ကလေးမြောက်ပိုင်း စစ်ရေးတင်းမာမူကြောင့် ပြည်သူများအနေဖြင့် ဖြတ်သန်းသွားလာမူ ရက်ကန့်သတ်မရှိပိတ်ပင်ကြောင်း သိရသည်။