November 29, 2022, Comment off

ဘင်္ဂလားဒေ့ရှ် နိုင်ငံသား (၂၉၃)ဦး မီမီဇိုရမ်ပြည်နယ်တွင် ခိုလှုံနေရ

 

Bangladesh နှင့် Myanmar နိုင်ငံနယ်စပ်တွင် ဘင်္ဂလားဒေ့ရှ် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့ပူး‌ပေါင်းပြီး ကူကီး-ချင်း အမျိုးသားတပ်မတော်တို့ကြား တိုက်ပွဲဖြစ်ပွားရခြင်း‌ကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား (၂၉၃) ဦး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် ခိုလှုံနေရကြောင်း Northeast today သတင်းဌာနက နို၀င်ဘာ ၂၈ ရက်နေ့တွင် ဖော်ပြထားသည်။

လက်ရှိတွင် မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်းခရိုင် Parva ခန်းမ၌ ခိုလှုံနေကြရပြီး၊ လာမည့်ရက်အနည်းငယ်အတွင်း ပိုမိုများလာနိင်သည်ဟု သိရသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရန်အတွက် မီဇိုရမ်ပြည်နယ် အစိုးရအဖွဲ့နှင့် အစိုးရမဟုတ်သော အဖွဲ့အစည်း (NGO) တို့မှ လိုအပ်သော အစီအမံများကို စတင်ဆောင်ရွက်ခဲ့ကြောင်း လောင်တလိုင်း DC Amol Srivastava က ပြောသည်။

လိုအပ်သောအချက်အလက်များ မျှဝေခြင်းနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ခြင်းတို့တွင် NGO အသီးသီးနှင့် အုပ်ချုပ်ရေးပိုင်းတို့အကြား ရင်းနှီးသော ဆက်ဆံရေးရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။

လက်ရှိတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၂၉၃ ဦး (အမျိုးသား ၁၃၂ ဦးနှင့် အမျိုးသမီး ၁၆၁ ဦး) ရှိကြောင်း၊ ၎င်းတို့အနက် ၁၄၈ ဦးမှာ အသက် ၁၈ နှစ်အောက် ဖြစ်သည်။

၎င်းတို့သည် လက်ရှိတွင် Parva-III-ရပ်ရွာခန်းမ၊ မူလတန်းကျောင်း၊ ကျန်းမာရေးဌာနခွဲ၊ အဂန်ဝါဒီစင်တာနှင့် အထက်တန်းကျောင်း အဆောက်အအုံတို့တွင် နေထိုင်လျက်ရှိပြီး၊ ကျန်းမာရေး ဆေးခန်းများနှင့် လိုအပ်သော ဆေးဝါးအကူအညီများ ပေးအပ်ခဲ့သည့်အပြင် ပြည်နယ်ရဲတပ်ဖွဲ့မှ ၂၄ နာရီ လုံခြုံရေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ယခုဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ခိုလှုံနေရသူများသည် ချင်း (Bawm) လူမျိုးများဖြစ်ကြောင်း သိရသည်။

Source: Northeast today