
December 10, 2022, Comment off
တောထဲတွင် ရက်ပေါင်းများစွာ ပုန်းအောင်းနေသည့် စစ်ဘေးရှောင်များ MSU မှ ကြိုဆို
Bangladesh နိုင်ငံအတွင်း မတည်ငြိမ်မူကြောင့် ရက်ပေါင်းများစွာ တောထဲတွင် ပုန်းခိုနေကြသည့် စစ်ဘေးရှောင်များကို Mizo Student Union ဌာနချုပ်မှ သွားရောက်ကြိုဆိုခဲ့ကြောင်း သိရသည်။
ယင်းစစ်ဘေးရှောင်ပြည်သူများသည် ရက်ပေါင်းများစွာ အစာငတ်ဒါဏ်ခံရသောကြောင့် ကိုယ်ခံအားလျော့နည်းပြီး၊ သူတို့၏ ကျန်းမာရေးကို သက်ဆိုင်ရာသို့ စစ်ခိုင်းခဲ့သည်။
Bangladesh နိုင်ငံမှ ရာနဲ့ချီထွက်ပြေးလာသည့် ပြည်သူများတွင် ၉၀ ကျော် BSF ဖမ်းဆီးခြင်းခံရပြီး၊ ရေစာ၊ အငတ်ဖြင့် သေဆုံးရမှာထက်ဆိုပြီး Bangladesh နိုင်ငံသို့ပြန်လှည့်ခဲ့ရသည်ဟု စစ်ဘေးရှောင်များက ပြောသည်။ ပြန်လှည့်သွားသည့်ထဲတွင် အဘွားအိုတစ်ဦး လမ်းကြောင်းတွင် သေဆုံးသွားသည်။
အဆိုပါအကြောင်းနဲ့ ပတ်သက်ပြီး MSU က “ကျွန်တော်တို့ ညီအစ်ကိုတွေ စစ်ဘေးရှောင်ရန် ထွက်လာသည့်သူများကို သေဆုံးသည့်တိုင် ပြန်လှည့်ခိုင်းသည့်အတွက် အထူး၀မ်းနည်းကြောင်း၊ BSF များကို ရှုတ်ချတယ်၊ ဒီဖြစ်ရပ်တွေကို ကြည့်နေမယ် မဟုတ်ကြောင်း” ပြောဆိုခဲ့သည်။
Bangladesh နိုင်ငံမှ စစ်ဘေးရှောင်ရန် ထွက်ပြေးလာသည့် လူဦးရေ ၈၀၀ ရာကျော်ရှိနေပြီး၊ မီဇိုရမ်ပြည်နယ်သို့ အမြန်ဆုံး ရောက်နိုင်ဖို့ရန် ပြည်နယ်အစိုးရကို MSU ကထပ်မံတောင်းဆိုခဲ့ကြောင်း သိရသည်။
မီဇိုရမ်ပြည်နယ်တွင် Parva -3 တွင် စစ်ဘေးရှောင် လူဦးရေ ၃၁၀ ရှိနေပြီး၊ ပြည်နယ်အစိုးရမှ ထောက်ပံ့မှုပေးနေရပြီး၊ CNO မှ ငွေကြေးထောက်ပံ့မူ ပံ့ပူးပေးသည့်အတွက် MSU မှ အထူးကျေးဇူးတင်ကြောင်း ပြောသည်။
Source; DMDNZ