January 20, 2023, Comment off

ICA မှ သတင်းဆောင်းပါးစာမူများဖိတ်ခေါ်ခြင်း

 

ချင်းရေးရာအဖွဲ့ချုပ် Institute of Chin Affairs (ICA) ၏ Internet စာမျက်နှာ (Facebook Page) နှင့် Website တို့တွင် ဖော်ပြနိုင်ရန်အတွက် သတင်းဆောင်းပါးစာမူများ အလိုရှိပါသည်။

စာမူပေးပို့လိုကြသူများ၊ စာရေးဆရာ/မများအနေဖြင့်

၁။ ချင်းပြည်နယ်အတွင်းဖြစ်စေ၊

၂။ ချင်းပြည်နယ်ပြင်ပရှိ ချင်းတိုင်းရင်းသားများနှင့် သက်ဆိုင်ရာဖြစ်စေ၊

၃။ နွေဦးတော်လှန်ရေးနှင့် စပ်ဆိုင်ပြီး မြန်မာတစ်နိုင်ငံလုံးကို ကိုယ်စားပြုလွမ်းခြုံနိုင်သော

  • နိုင်ငံရေး၊
  • အုပ်ချုပ်ရေး၊
  • စစ်ရေး၊
  • စီးပွားရေး၊
  • လူမှုရေး၊
  • ကျန်းမာရေး၊
  • ပညာရေး၊
  • လူသားချင်းစာနာမှုဆိုင်ရာ ကူညီကယ်ဆယ်ရေး

စသည်တို့နှင့် စပ်ဆိုင်သော သတင်းဆောင်းပါးစာမူများ ပေးပို့နိုင်ပါသည်။

သတင်းဆောင်းပါးများအတွက် စာမူများကို အင်္ဂလိပ် သို့မဟုတ် မြန်မာဘာသာဖြင့် ရေးသားနိုင်ပြီး အနည်းဆုံး စာပိုဒ်တစ်ပိုဒ် သို့မဟုတ် နှစ်ခုမှ အများဆုံး စာမျက်နှာငါးမျက်နှာ (A-4 အရွယ်အစား) အထိ တင်သွင်းနိုင်သည်။ စာမျက်နှာငါးမျက်နှာထက် ပိုရှည်သော ဆောင်းပါး ရေးသားရန် စိတ်ကူးရှိပါက ICA သို့ ကြိုတင် ဆက်သွယ်ပါ။

စာမူများကို ICA Facebook Messenger (https://www.facebook.com/chinaffairs) မှဖြစ်စေ၊ email(info@chinaffairs.org) မှ ဖြစ်စေ ဆက်သွယ်ပေးပို့ နိုင်သည်။

သတင်းဆောင်းပါးတစ်ပုဒ်အတွက် စာမူအရည်အသွေး နှင့် အတိုအရှည်အလိုက် ရူပီး ၃၀၀၊ ၅၀၀၊ ၁၀၀၀ ချီးမြှင့်ပါမည်။ စာမူအရည်အသွေးပေါ်မူတည်၍ ပို၍လည်း ချီးမြှင့်ပါမည်။ ပေးပို့လာသော စာမူများကို ICA ၏ အယ်ဒီတာအဖွဲ့က ရွေးချယ်တည်းဖြတ်အသုံးပြုသွားမည် ဖြစ်ကြောင်းအသိပေးအပ်ပါသည်။

မှတ်ချက်။    ။ကိုယ်တိုင်ရေးသားထားသော စာမူဖြစ်ကြောင်းနှင့် စာမူပါအကြောင်းအရာများ ခိုင်မာမှန်ကန်မှုအတွက် စာရေးသူမှ တာဝန်ယူ တာဝန်ခံမှုရှိရန် လိုအပ်ပါသည်။