January 30, 2023, Comment off

Lailun Medical Team မှ Refugee များအား ဆေးဝါးကုသမှုပေး

ဆရာဝန်မှ လူနာများအား စမ်းသပ်ကြည့်ရှုနေစဥ်

Lailun Medical Center ၏ Medical Team မှ ၂၅ ရက်၊ ဇန်နဝါရီလ၊ ၂၀၂၃ ခုနှစ်တွင် Champhai Distict ရှိ Uilui Refugee Campတွင် ဆေးဝါးကုသမှုပေးခဲ့ပါသည်။ ထိုနေ့တွင် မြန်မာနိုင်ငံမှ CDM ဆရာဝန် တစ်ဦးနဲ့ CDM သူနာပြု ဆရာမများမှ စစ်ဘေးရှောင်လူနာ အယောက် (၃၀) ကို အခမဲ့ ကုသမှုပေးခဲ့သည့်အပြင် ဒေသခံပြည်သူများသာမက Assam Refile တပ်သားများကိုလည်း ကုသပေးခဲ့သည်။

သူနာပြုဆရာမများ

ယင်း Lailun Medical Center သည် ICA ၏ Health Department နှင့် ၎င်း၏ လုပ်ဖော်ကိုင်ဖက်များမှ ကြီးမှူးဆောင်ရွက်ထားသော ကျန်းမာရေးစောင့်ရှောက်မှုဖြစ်ကာ ၂၀၂၂ခုနှစ် မေလ ၁၈ရက်နေ့တွင် ဖွင့်ပွဲအခန်းအနားကို Mizoram Transport and Forest Minister Pu .TJ Lalnuntluanga မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါသည်။ စတင်ဖွင့်လှစ်သည့်အချိန်မှစ၍ တစ်ရက်ကို လူနာ အယောက် (၂၀) မှ (၆၀) ကြား နေ့စဥ်လာရောက် ဆေးခန်းပြသကာ ယနေ့အထိ လူနာအယောက် (၄၀၀၀) ကျော် ဆေးဝါးကုသခဲ့ပြီဖြစ်ပါသည်။

လူနာအား ကုသပေးနေစဥ်

Lailun Medical Center မှ စစ်ဘေးရှောင်ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများကို ပိုမို တိုးချဲ့သွားမည်ဖြစ်ကြောင်းကိုလည်း သိရှိရပါသည်။

စမ်းသပ်မှုခံယူနေသော Assam Refile တပ်သားများ