February 8, 2023, Comment off

ဖလမ်းမြို့၌ Martial law ကို ပြင်ဆင်ပေးသော်လည်း ပြည်သူများ စိတ်ပူပန်‌နေရ

 

“ဖေဖော်ဝါရီလ (၅) ရက်နေ့တွင် စစ်ကောင်စီမှ ဖလမ်းမြို့၊ ချင်း​ပြည်နယ်တွင် Martial law ကို အသက်သွင်းကာ လော်စပီကာဖြင့် ပုဒ်မ ၁၄၄ (ညမထွက်ရအမိန့်) ထုတ်ပြန်ခဲ့ပြီး ညနေ ၆း၀၀ နာရီမှ မနက် ၆း၀၀ နာရီထိ အပြင်မထွက်ရန် ကြေညာခဲ့ကြောင်း” သိရှိရပါသည်။ ၎င်းအပေါ်  ပြည်သူများမှ အလွန်ပင် စိုးရိမ်ပူပန်ကြရာ Falam Christian Ministers Fellowship (FCMF) မှ မြို့နယ်တာဝန်ရှိသူများနှင့် “(၅) ယောက်ထက်ပိုမစုရ” ဟူသော ပြဋ္ဌာန်းချက်အပေါ် ဘာသာရေးနှင့်သက်ဆိုင်သော အစီအစဥ်များနှင့် သာရေး၊ နာရေးများနှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်ခဲ့ပါသည်။

ယင်းအား စကစဘက်မှ ယနေ့ ၈၊၂၊၂၀၂၃ ညနေတွင် “ဘာသာ‌ရေးနှင့်သက်ဆိုင်သော အစီအစဥ်များနှင့် သာရေး၊ နာရေးများနှင့် ပတ်သက်၍ ညနေ ၆း၀၀ နာရီမတိုင်မီ ပြုလုပ်နိုင်ကြောင်း” အကြောင်းပြန်ခဲ့သည်ဟု အမည်မဖော်လိုသူ ပြည်သူတစ်ဦးထံမှ ကြားသိရပါသည်။

ဖလမ်းမြို့၌ သက်သေအထောက်အထား မခိုင်မာဘဲ အိမ်ဝန်း၌ ကျည်ခွံတွေ့သည်ဟုဆိုကာ ပုဒ်မ ၅၂ ဖြင့် ပြည်သူ ၅ဦးအား တရားဆွဲဆိုထားခြင်းနှင့် ရုံးချိန်း ဖေဖော်ဝါရီ ၂ရက်နေ့ကို အခြေမြစ်မရှိ ရက်ရွှေ့ဆိုင်းခြင်း၊ ထို ၂ ရက်နေ့တွင် ဖလမ်းမြို့၌ အင်တာနက်လိုင်းများဖြတ်တောက်ကာ ဟယ်လီကော်တာတစ်စီး ဖလမ်းမြို့အတွင်း ဆင်းသက်လာ၍ ခဏအတွင်းပြန်ထွက်သွားပြီး အင်တာနက်လိုင်းများပြန်ဖွင့်ပေးခြင်းနှင့် ဖေဖော်ဝါရီ ၅ရက်၌ Martial law ကြေညာကာ ဖိနှိပ်လာခြင်းများကြောင့် စစ်ကောင်စီဘက်မှ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၌ မည်သို့သော အစီအစဥ်များ ရှိသည်ကို မသိသော်လည်း ပြည်သူလူထုများအတွက် အလွန်ပင် စိတ်နှလုံးမချမ်းမြေ့ဖွယ်ရာ ကာလတခုဖြစ်ပါသည်။