Lunglei

March 27, 2023, Comment off

ချင်းရေးရာအဖွဲ့ချုပ် (ICA) မှ မီဇိုးရမ်ပြည်နယ် Lunglei ခရိုင်ရှိ မြန်မာစစ်ဘေးရှောင် စခန်းများကို ကူညီ‌ထောက်ပံ့

Salai Kur Bung Bel

မတ်လ ၂၇

 

ICA မှလှူဒါန်းသော မိုးကာများ

မီဇိုးရမ်ပြည်နယ်၊ Lunglei ခရိုင်ရှိ စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေထိုင်ကြသော မြန်မာစစ်ဘေးရှောင်များကို ချင်းရေးရာအဖွဲ့ချုပ်(ICA)မှ ၂၀၂၃ခုနှစ်၊ မတ်လ ၁၀ရက်နေ့တွင်    ကူညီထောက်ပံ့ပေးကြောင်း သတင်းရရှိသည်။

Lunglei ခရိုင်တွင် စစ်ဘေးရှောင်စခန်းပေါင်း ၈ ခုရှိပြီး မြန်မာစစ်ဘေးရှောင်ဦးရေ ၁၄၀၀ ခန့် ခိုလှုံ နေထိုင် ကြကြောင်း သိရသည်။

“ချင်းရေးရာအဖွဲ့ချုပ်(ICA) ထောက်ပံ့ငွေဖြင့် စစ်ရှောင်စခန်းနှစ်ခုရှိ အသစ်ရောက်လာတဲ့ မိသားစုတွေကို မိုးကာနဲ့ ရေတိုင်ကီတွေ ဝယ်ပေးလိုက်တယ်” ဟု စစ်ရှောင်စခန်းစီမံခန့်ခွဲရေး တာဝန်ခံ ဦးချာလီကပ်မှ ICA သို့ပြောသည်။

ICA မှ လှူဒါန်းသော ရေတိုင်ဂီများ

 

Lunglei ခရိုင်ရှိ စစ်ဘေးရှောင် စခန်းများထဲတွင် Phaizawl စစ်ရှောင်စခန်းသည် အကြီးဆုံးနှင့် လူဦးရေ အများဆုံးဟု သိရပြီး လူဦးရေ ၈၀၀ခန့် နေထိုင်ကြသည်။ ၎င်းစခန်းမှ ပညာသင်ကြားသူ ကျောင်းသားဦးရေမှာ ၂၅၃ခန့် ရှိကြသည်။

“ကျေင်းသားများအတွက် ကွန်ပျူတာနဲ့ပုံနှိပ်စက် (printer) ကိုတော့ လှူထားပေးကြပြီ။ မိတ္တူကူးစက် အလှူရှင် ပေါ်လာရင်တော့ ကောင်းမှာပဲ” ဟုစခန်းတာဝန်ခံမှ ပြောသည်။

စစ်ဘေးရှောင်စခန်းအားလုံး၏အခက်အခဲအဓိက လိုအပ်ချက်နဲ့ ပတ်သက်ပြီး “ပထမအနေနဲ့ စားရေးသောက်ရေး(ဆန်)ရယ်၊ဒုတိယ မီးဖို ချောင်သုံး ထင်းရယ်၊တတိယ သောက်သုံးရေဖူလှုံရေး ရယ်လိုအပ်တာပေါ့” လို့ စခန်းနေ စစ်ဘေးရှောင် တစ်ဦးက ပြော သည်။

Lunglei စစ်ဘေးရှောင် စခန်းများကို ပြီးခဲ့သည့် (၂၀၂၂) ဒီဇင်ဘာလ အထိ Adventist NGO အဖွဲမှ ကူညီထောက်ပံ့ ပေးထားသော်လည်း ၂၀၂၃ ခုနှစ်တွင်ဆက်လက်ကူညီနိုင်ခြင်း မရှိတော့ပါ။ ၂၀၂၃ ခုနှစ်တွင် ပထမဆုံးအဖြစ် ချင်းရေးရာအဖွံ့ချုပ်(ICA)နဲ့ မီဇိုးအဆိုတော် Vanlalsailoa  တို့မှ ထောက်ပံ့ကူညီ‌ပေး ခြင်းဖြစ်သည်။