April 23, 2023, Comment off

မြန်မာစစ်ဘေးရှောင်များကို နှင်ထုတ်မှာမဟုတ်ကြောင်း Central Young Mizo Association (CYMA) ဥက္ကဌမှပြောကြား

 

ဧပြီလ(၂၃)ရက်

Salai Kurbungbel

 

ဧပြီလ ၂၃ ရက်(သောကြာနေ့)တွင် မီဇိုးလူငယ်အသင်း(CYMA) ခေါင်းဆောင်များသည် အသက်        ဘေးအန္တရာယ် လွတ်မြောက်ရာကို စစ်ရှောင်လာကြသော မြန်မာစစ်ဘေးရှာင်များနေထိုင်ရာ ဇိုးခေါထာရ်စစ်ဘေးရှောင်စခန်း(Zokhawthar Camp)အား လာရောက်ကြည့်ရှု့ကြောင်း သတင်းရရှိသည်။ CYMAဥက္ကဌ R Lalngheta မှ မြန်မာဖက်မှ လာရောက်သောစစ်ဘေးရှောင်များကို နှင်ထုတ်မှာ မဟုတ်ကြောင်း၊ ဇိုးခေါထာရ်ကျေးရွာလူကြီးများနှင့် တွေ့ဆုံရာတွင်ပြောကြားကြောင်းသိရသည်။

ဇိုးခေါထာရ်ကျေးရွာ လူကြီးများနှင့် တွေ့ဆုံပွဲတွင် မြန်မာစစ်ဘေးရှောင်များ၏ အခြေအနေမှန်ကိုသိရှိလို၍ စစ်ဘေးရှောင်စခန်းကို ကိုယ်တိုင်လာရောက် ကွင်ဆင်းလေ့လာ ရခြင်းဖြစ်ကြောင်း CYMAဥက္ကဌ မှပြောကြားသွားသည်။ အနေကြာ အထိုင်ကျပြီးသော စစ်ဘေးရှောင်များအတွက် “မိမိကိုယ်မိမိ အသက် မွေးဝမ်းကျောင်းပြုနိုင်ရေးမိမိတို့မှ ကူညီလက်တွဲဖေးမပေးရမည်။” ဟု ၎င်းမှထပ်လောင်း ပြောကြားသွားသည်။

စစ်ဘေးရှောင် လာသူ ဦးရေ တိုးလာတာနဲ့အမျှ ကူညီထောက်ပံ့ပေးမည့်သူများ လျော့နည်းသွာသဖြင့် “ကျွန်တော်တို့ထံသို့ ခိုလှုံလာကြသော သွေးချင်းညီအကိုများအတွက် ပို၍အားစိုက်ရပါမည်။ မိမိတို့တတ် နိုင်တဲ့ဘက်က ပိုမိုတထာက်ပံ့ဖို့ လိုအပ်မည်”ဟု CYMA ဥက္ကဌမှ ထပ်မံတိုက်တွန်းကြောင်း သိရသည်။ လက်ရှိ ဇိုးခေါထာရ်တွင် စစ်ဘေးရှောင်သူဦးရေ ၅၆၀၄ ခန့် ရှိပြီး၊ ဘော်လုံးကွင်းတွင် ယခင်စခန်းနေရာချထားပေးရာမှ လူဦးရေထပ်မံများပြားလာမှုကြောင့် မဆန့်တော့၍ ပြောင်းရွေ့ရန်အခြားနေရာတွင် စခန်းဆောက်လုပ်ပေးနေဆဲ လည်းဖြစ်သည်။

CYMA ဥက္ကဌနဲ့အတူ YMA Champhai မှ ခေါင်း‌ဆောင်များ၊ Tuipuiral Group YMA၊ Vanhnuailiana Group YMA ခေါင်းဆောင်များလည်း လိုက်ပါလာကြခြင်းဖြစ်သည်။

Source:Mizo news