June 22, 2023, Comment off

ချင်းရေးရာအဖွဲ့ချုပ်မှ စစ်ဘေးရှောင်ပြည်သူများကို ကူညီ

 

၂၀၂၃ခုနှစ်၊ ဧပြီလအတွင်း ချင်းရေးရာအဖွဲ့ချုပ်မှ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများထံသို့ ဆန် အိတ်၂၀၊ အဝတ်အစား၊ ဖိနပ်များနှင့် အခြားလိုအပ်သော ပစ္စည်းများကို လှူဒါန်းခဲ့သည်။

ချင်းပြည်နယ် တနေရာသို့ အလှူပြုလုပ်နေစဥ်

ချင်းရေးရာအဖွဲချုပ်အနေဖြင့် ဖလမ်းမြို့နယ်နှင့် ကလေးမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများရှိရာ နေရာတစ်ချို့မှာ မြန်မာငွေ ကျပ်သိန်း ၄၀၀ ဝန်းကျင်တန်ဖိုးရှိသော စားသုံးကုန်၊ လူသုံးကုန်အပါအဝင် စိတ်ဓာတ်မြှင့်တင်ရေး သင်တန်းများကို ပြုလုပ်ပြီးဖြစ်သည်။

Aizawl မြို့ စစ်ဘေးရှောင်စခန်းသို့ ဆီ၊ဆန်၊ဆားနှင့် သင်ထောက်ကူပစ္စည်းများ လှူဒါန်းနေစဥ် 

Mizoram ပြည်နယ်ရှိ မြန်မာ စစ်ဘေးရှောင်များအတွက် စားသုံးကုန်၊ လူသုံးကုန်နှင့် ကလေးသူငယ်များအတွက် သင်ထောက်ကူပစ္စည်းများကိုလည်း လှူဒါန်းခဲ့ပါသည်။ စုစုပေါင်း India Rupee တစ်သိန်းကျော်တန်းဖိုးရှိသော ပစ္စည်းများကို စစ်ဘေးရှောင်ပြည်သူများထံသို့ လှူဒါန်းခဲ့ခြင်းဖြစ်သည်။

Mizoram စစ်ဘေးရှောင်စခန်းတစ်နေရာသို့ ဖိနပ်နှင့် အဝတ်အထည်များ လှူဒါန်းနေစဥ် 

ချင်းရေးရာအဖွဲ့ချုပ်အနေဖြင့် ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုများ၊ သုတေသနစာတမ်းများအပြင် လူသားချင်းစာနာထောက်ထားမှုများကို ဆက်လက်လုပ်ဆောင်လျက်ရှိပါသည်။

Mizoram တစ်နေရာသို့ စခန်းတည်ဆောက်ရာ၌လိုအပ်သော ပစ္စည်းများကို လှူဒါန်း