July 4, 2023, Comment off

၂၀၂၃ ခုနှစ် ဇွန်လအထိ ချင်းအမျိုးသားများသေဆုံးမှု စံချိန်တင်များပြား

 

စစ်ကောင်စီမှ နိုင်ငံတော်အာဏာသိမ်းယူပြီး မတရားအတင်းအဓ္ဓမအုပ်ချုပ်ခဲ့သည်မှာ ၂နှစ်ခွဲနီးပါး ကြာမြင့်ခဲ့ပြီဖြစ်သည်။ ၂နှစ်ကျော်ကာလအတွင်း ၂၀၂၃ခုနှစ်၏ ၆လတာ ချင်းအမျိုးသားများ သေဆုံးမှုမှာ ၁၀၉ဦးကျော်ဖြင့် စံချိန်တင် မြင့်တက်လျက်ရှိသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၃ခုနှစ် ဇွန်လအထိ ချင်းအမျိုးသားများသေဆုံးမှု

စစ်ကောင်စီမှ အာဏာသိမ်းအပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်နေ့မှ ဒီဇင်ဘာလ ၃၁ရက်နေ့အထိ ချင်းအမျိုးသားများအပေါ် မတရားသတ်ဖြတ်မှုစုစုပေါင်း ၁၆၄ဦးရှိသည်။ 

၂၀၂၂ ခုနှစ် ဇန္နဝါရီလမှ ဒီဇင်ဘာလအတွင်း စစ်ကောင်စီမှ ချင်းအမျိုးသားများအပေါ် မတရားသတ်ဖြတ်မှု စုစုပေါင်း ၁၉၅ဦးရှိသည်။

၂၀၂၃ ခုနှစ် ဇန္နဝါရီလမှ ဇွန်လအတွင်း စစ်ကောင်စီမှ ချင်းအမျိုးသားများအပေါ် မတရားသတ်ဖြတ်မှု စုစုပေါင်း ၁၀၉ဦးထိရှိသည်။

ဤသည်ကို ကြည့်ခြင်းအားဖြင့် ၂၀၂၁ခုနှစ်နှင့် ၂၀၂၂ခုနှစ် ၂၃လအတွင်း ချင်းအမျိုးသားသေဆုံးမှုမှာ ၃၅၉ဦးရှိပြီး ၂၀၂၃ခုနှစ်၏ ၆လအတွင်း ၁၀၉ဦးရှိသည်။ ၎င်းမှာ ၂၃လအတွင်း ချင်းအမျိုးသားများသေဆုံးမှု၏ ၂၃ဒဿမ၃ရာခိုင်နှုန်းအထိဖြစ်ကြောင်းတွေ့ရသည်။

၂၀၂၃ခုနှစ် ဇန္နဝါရီလမှ ဇွန်လ ၃၀ရက်နေ့အထိ ချင်းအမျိုးသားများ သေဆုံးမှုမှာ အောက်ပါအတိုင်းဖြစ်သည်။ 

ထို့ကြောင့် မြန်မာနိုင်ငံ၌ ဖြစ်ပွားနေသော နိုင်ငံရေးပဋိပက္ခကို နိုင်ငံတကာအသိုက်အဝန်းများမှ အထူးဂရုစိုက်ကာ ထိရောက်သော စစ်ဆေးအရေးယူမှုများ ပြုလုပ်သင့်ပြီဖြစ်ကြောင်း ချင်းရေးရာအဖွဲ့ချုပ် (Institute of Chin Affairs-ICA)၏ လက်ထောက်ညွှန်ကြားရေးမှူး Salai Van Sui San မှ တိုက်တွန်းခဲ့သည်။