July 8, 2023, Comment off

မင်းတပ်မြို့နယ်၊ ဝုမ်းခုန်ရွာ၌ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၃ဦးသေဆုံး၊ အနည်းဆုံး တစ်ဦးဒဏ်ရာရ

 

Loyal Van
ဤစောင်းပါးတွင်ပါဝင်သော ဓါတ်ပုံများမှာ CDF Mindat Official page မှ ကူးယူဖော်ပြထားခြင်းဖြစ်သည်။

 

၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၈ရက်နေ့ နံနက် ၁၁း၂၀ နာရီခန့်တွင် စစ်ကောင်စီမှ မင်းတပ်မြို့နယ်၊ တိုက်နယ် ၂၊ ဝုမ်းခုန်ကျေးရွာရှိ စစ်ဘေး‌ရှောင်ပြည်သူများနေထိုင်ရာကို ဂျက်တိုက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံးသီး ၂လုံး၊ အတွဲလိုက် ဗုံးသီး ၄လုံး၊ ရော့ကက်၊ ပွိုင့်ဖိုက်ကျည်များဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့ပြီး မင်တပ်မြို့ပေါ်ရှိ ခလရ (၂၇၄)မှ တာဝေးပစ် အ‌မြောက်များဖြင့် ၄ချက် ပစ်ခတ်ခဲ့ရာ လူနေအိမ်နှင့် အိမ်ယာအဆောက်အဦးများ ထိခိုက်ပျက်စီးပြီး၊ အပြစ်မဲ့အရပ်သားပြည်သူ အမျိုးသမီး ၃ဦးသေဆုံးကာ အမျိုးသား ၁ဦး ထိခိုက်ဒဏ်ရာ ရရှိကြောင်း Chin Defence Force, Mindat မှ ထုတ်ပြန်ထားပါသည်။

 

ဗုံးဒဏ်သင့်သော လူနေအိမ်

အဆိုပါပစ်ခတ်မှုကြောင့် အသက်မပြည့် ၉နှစ်အရွယ် အမျိုးသမီးကလေးငယ်တစ်ဦး၊ အသက် ၃၀အရွယ် နို့တိုက်မိခင် တစ်ဦး (၂လသားအရွယ် ကလေးမိခင်)၊ အသက် ၆၅နှစ်အရွယ် အဖွားအို တစ်ဦး စုစုပေါင်း အမျိုးသမီး ၃ဦးသေဆုံးခဲ့သည်။ ထို့ပြင် အသက် ၄၅နှစ်အရွယ် အမျိုးသား တစ်ဦးလည်း ပြင်းထန်စွာဒဏ်ရာရရှိထားကြောင်း သိရှိရပါသည်။

ဗုံးဒဏ်သင့်နေသော လူနေအိမ်၊ နို့တိုက်မိခင်နှင့် ကလေးငယ်တစ်ဦး

၂၀၂၁ခုနှစ် စစ်ကောင်စီအာဏာသိမ်းပြီးနောက် ချင်းအမျိုးသားများအပေါ် လေကြောင်းတိုက်ခိုက်မှုပေါင်း အကြိမ် ၆၀ ထက်မနည်းကို တိုက်လေယာဥ် အစီး ၆၀ကျော်နှင့် ရဟတ်ယာ် အစီး ၃၀ ကျော်ဖြင့် ဗုံးနှင့် စက်သေနတ်ဖြင့်ပစ်ခတ်မှု စုစုပေါင်း အကြိမ် ၂၁၅ ကျော်ပြုလုပ်ခဲ့ပြီးဖြစ်သည်။ ထိုသို့ ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် အရပ်သား ပြည်သူ အယောက် ၆၀ကျော်၊ တော်လှန်ရေးတပ်သား ၁၀ဦးကျော်သေဆုံးခဲ့ကာ ပြည်သူ အယောက် ၆၀ထက်မနည်း ဒဏ်ရာရရှိထားပြီးဖြစ်ကြောင်း ချင်းရေးရာအဖွဲ့ချုပ်၏ အချက်အလက်စာရင်းများအရသိရသည်။