July 14, 2023, Comment off

စစ်ကောင်စီမှ လက်နက်ကြီး အကြောင်းမဲ့ပစ်မှုကြောင့် အရပ်သားပြည်သူ ၂ဦး သေဆုံးကာ ၅ဦးထက်မနည်း ဒဏ်ရာရရှိ

 

 

၂၀၂၃ခုနှစ် ဇူလိုင်လ ၁၃ ရက် ည ၈း၀၀နာရီအချိန်ခန့်တွင် ကလေးမြို့နယ်၊ စီးစံရွာ(Cicai) အတွင်းသို့ စစ်ကောင်စီမှ လက်နက်ကြီး အကြောင်းမဲ့ပစ်ခတ်မှုကြောင့် ကျေးရွာနေ ပြည်သူ့နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲကာ လင်မယား၂ဦး သေးဆုံးခဲ့ကြောင်း သိရသည်။ ထိုလင်မယားမှာ အသက် ၂၅နှစ်အရွယ်အမျိုးသားတစ်ဦးနှင့် အသက် ၂၄နှစ်အရွယ်အမျိုးသမီးဖြစ်ပြီး ၂နှစ်ခွဲအရွယ် ကလေးတစ်ဦးရှိကြောင်းသိရသည်။ 

လက်နက်ကြီးဒဏ်သင့် သေဆုံးသူ လင်မယား၏ နေအိမ်

ထိုပစ်ခတ်မှုကြောင့် စီးစံရွာ(Cicai)မှ သေဆုံးသူလင်မယား၏ အသက်၂နှစ်ခွဲအရွယ် ကလေးငယ်မှာ ဦးခေါင်း၌ ဒဏ်ရာရရှိပြီး အ‌ရှေ့အိမ်မှ အသက်၁၀နှစ်ကျော် မိန်းကလေးငယ် ၂ဦးမှာလည်း ပြင်းထန်သော ဒဏ်ရာရှိထားသည်။ စက္ကန့်ရွာ(Cekan) အတွင်းတွင်လည်း လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၃ဦး ဒဏ်ရာရရှိကြောင်းသိရသည်။ ရှားတောရွာ(Sataw)တွင်မူတွင်မူ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သော်လည်း ထိခိုက်မှုမရှိကြောင်းသိရသည်။

ပစ်ခတ်ခဲ့သော လက်နက်ကြီး ကျည်ခွံ

ကလေးမြို့အတွင်း စစ်ကောင်စီ၏ စခန်းတည်နေရာတစ်ခုမှ လက်နက်ကြီး ၇ကြိမ်ပစ်ခတ်ခဲ့ရာ စက္ကန့်ရွာာ(Cekan)၊ ရှားတောရွာ(Sataw)နှင့် စီးစံရွာ(Cicai)တို့တွင် ကျရောက်ပေါက်ကွဲခဲ့၍ ၂ဦးသေဆုံးပြီး ၅ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။  

 

#Loyalvan