August 10, 2023, Comment off

ချင်းရေးရာအဖွဲ့ချုပ်မှ စစ်‌ရှောင်များထံ သွားရောက်လှူဒါန်း

 

၂၀၂၃ခုနှစ် ဩဂုတ်လ ၈ရက်နေ့တွင် ချင်းရေးရာအဖွဲ့ချုပ် (ICA)မှ Mizoram, Aizawl District,  Tuirial စစ်ဘေးဒုက္ခသည်စခန်းရှိ ပြည်သူများထံသို့ ဆန်၊ ဆီ နှင့် ပဲ များကို အိပ်ခြေ ၂၄ အိမ်ကို သွားရောက်လှူဒါန်းခဲ့သည်။

Tuirial စစ်ဘေးဒုက္ခသည်စခန်းသည် အိမ်ခြေ ၂၄ အိမ်ရှိကာ လူဦးရေစုစုပေါင်း ၈၀ ကျော်နေထိုင်သော စစ်ဘေးဒုက္ခသည်စခန်းတစ်ခုဖြစ်သည်။ Tuirial စစ်ဘေးဒုက္ခသည်စခန်းရှိ ပြည်သူများအနေဖြင့် ပုံမှန်အလုပ်ကိုင် အခွင့်လမ်း မရှိခြင်း၊ ပုံမှန်ထောက်ပံ့ပေးနိုင်သော NGO၊ INGO နှင့် ဒေသခံအဖွဲ့အသည်းများလုံလောက်စွာမရှိခြင်းကြောင့် အချိန်ကာလကြာလာသည်နှင့်အမျှ ပိုမိုခက်ခဲသော စစ်ဘေးဒုက္ခသည်စခန်းတစ်ခုဖြစ်သည်။ ထိုနည်းတူ အခြားသော စစ်ရှောင်စခန်းများ၌လည်း အစားအသောက်ခက်ခဲလာခြင်း၊ ကျန်းမာရေးထောက်ပံ့မှုများနည်းလာခြင်း စသည်တို့ကို ကြုံတွေ့ရင်ဆိုင်နေကြသည်။

ထို့ပြင် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် ပြည်သူများထံ၌လည်း ဆန်၊ ဆီနှင့် ပဲများကို စစ်ဘေးရှောင်စခန်း ၅ နေရာ၌ သွားရောက်လှူဒါန်းခဲ့သည်။

ချင်းရေးရာအဖွဲ့ချုပ်အနေဖြင့် စစ်ဘေးဒုက္ခသည်ပြည်သူများထံသို့ သွားရောက်လှူဒါန်းခြင်းများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သောကြောင့် ပူးပေါင်းလှူဒါန်းလိုသော ပြည်သူများအနေဖြင့် အချိန်မရွေးလာရောက်ဆက်သွယ်ပူးပေါင်းနိုင်ပါသည်။