August 12, 2023, Comment off

ဖလမ်းမြို့နယ်၊ ရမ်းထလို (Ramthlo) ကျေးရွာကို စစ်ကောင်စီ မှ ဗုံးကြဲ၊ ပြည်သူ ၇ ဦး ထိခိုက် ဒဏ်ရာရ

၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်

RBC (Ramthlo Baptist Church ) ဘုရားကျောင်း 

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရမ်းထလို (Ramthlo) ကျေးရွာကို ယနေ့ နေ့လည် ၁၁ နာရီဝန်းကျင်တွင် စစ်ကောင်စီမှ Jet fighter ဖြင့် ဗုံးကြဲသည့်အပြင် လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ရမ်းသမ်းပစ်ခတ်သောကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၇ ဦးရှိကြောင်း ဒေသခံပြည်သူထံမှ သိရှိရသည်။

ဒဏ်ရာရရှိသူများ

“တိုက်ပွဲလည်းဘာမှမရှိဘူး၊ လေယာဥ်နဲ့ ဗုံးကြဲတယ်၊ လက်နက်ကြီးနဲ့ ဆက်တိုက် ထုနေတာ၊ အမျိူးသား (၃)ဦး နဲ့ အမျိူးသမီး (၄) ဦး ဒဏ်ရာရတယ်၊ မစိုးရိပ်ရဒဏ်ရာရသူတွေလည်းရှိတယ်၊ ရွာထဲက RBC (Ramthlo Baptist Church ) ဘုရားကျောင်းတော်တော်ပျက်ဆီးတယ်” ဟု ဒေသခံတွေကပြောသည်။

ဒဏ်ရာရရှိသူများကို ဘေးလုံခြုံရာသို့ ခေါ်ဆောင်နေစ်