August 14, 2023, Comment off

ဂျက်ဖိုက်တာဖြင့် ခွါဖို ကျေးရွာအား ဗုံးကြဲတိုက်ခိုက်သောကြောင့် ဘုရားကျောင်းနဲ့ လူနေအိမ်အချို့ပျက်စီး

 

ချင်းပြည်နယ်၊ ထန်ထလန်မြို့နယ်၊ ခွါဖို(Khuafo)ကျေးရွာကို ဩဂုတ်လ ၁၄ ရက် နံနက် ၁၀ နာရီဝန်ကျင် ခန့်တွင် စစ်ကောင်စီမှ ဂျက်ဖိုက်တာလေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ဘုရားကျောင်းတစ်ကျောင်းနဲ့ လူနေအိမ် ၄ လုံးပျက်စီးသွားသွားကြောင်း သတင်းရရှိသည်။

ပျက်စီးသွားသော လူနေအိမ်

အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် ခွါဖိုနှစ်ခြင်းဘုရားကျောင်း အဆောက်အအုံအပါအ၀င် လူနေအိမ် ၄လုံး ထိခိုက်ပျက်စီးသွားသည်။

ပျက်စီးသွားသော လူနေအိမ်

ယနေ့မနက်ပိုင်းတွင် ချင်းအမျိုးသားတပ်မတော် (CNA)၊ CDF-Thantlang ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား ထန်တလန်မြို့၌ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထန်တလန်မြို့ မြောက်ဖက် ၅မိုင်ခန့်အကွာတွင် တည်ရှိသည့် ခွါဖိုကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ပျက်စီးသွားသော လူနေအိမ်

ယခင် ၂၀၂၃ခုနှစ် မတ်လ ၃၀ရက်နေ့တွင် စစ်ကောင်စီမှ ခွါဖိုကျေးရွာကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကာ ကလေးငယ် ၂ဦး အပါအ၀င် ပြည်သူ ၉ဦး သေဆုံးခဲ့ပြီးဖြစ်သည်။

ပျက်စီးသွားသော ဘုရားကျောင်း

ယခု ဩဂုတ်လ ၁၃ရက်‌ မနေ့ည ၁၀နာရီခွဲ၀န်ကျင်တွင်လည်း စစ်ကောင်စီတပ်က ဟားခါးမြို့မှ ပစ်ခတ်သော လက်နက်ကြီးကျည် ၃လုံးမှာ ရွာထဲသို့ ကျရောက်ပေါက်ကွဲကာ ရွာသားတစ်ဦး ဒဏ်ရာရရှိပြီး လူနေအိမ် ၃လုံးနှင့် ဘုရားကျောင်း တစ်ကျောင်း ပျက်စီးသွားကြောင်း သီတင်းမီဒီယာများထံမှ သိရသည်။

 

Photo: ချင်းလူ့အခွင့်အရေးအဖွဲ့