September 7, 2023, Comment off

ကလေးမြို့တွင် ချင်းအမျိုးသမီးတစ်ဦး စစ်ကောင်စီတပ်သားများ၏နှိပ်စက်မှုဖြင့်သေဆုံး

 

 Kur Bung Bel

 

ကလေးမြို့နယ်၊ ပြည်တော်သာ‌ကျေးရွာ၊ ဦး ခဲန်ခန်ထန်း( Khen Khan Thang) နဲ့ ဒေါ်  နိန်ခန့်ဒိမ် (Niang Khan Dim) တို့၏သမီး မ ဒိုဒိတ်ဟွဲ( Do Deih Huai) ၃၁ နှစ်သည် စစ်ကောင်စီတပ်သားများ၏ ဖမ်းဆီးနှိပ်စက်မှုဒဏ်ကို မခံနိုင်၍ ၂၀၂၃ ခုနှစ်၊စက်တင်ဘာလ၊၅ရက်နေ့တွင် သေဆုံးသွားကြောင်း သိရသည်။ (Falam Online Media)

မဒိုဒိတ်ဟွဲ သည် ကလေးမြို့နယ် မြောက်ပိုင်း ပြည်တော်သာ စံပြ ကျေးရွာတွင် နေထိုင်လျက်ရှိသူ ဖြစ်ပြီး လွန်ခဲ့သော သြဂုတ်လ လကုန်ပိုင်းတွင် သူငယ်ချင်းနှင့်အတူ ကလေးမြို့ထဲသို့ သွားကြရာလမ်းရှိ စစ်ကောင်စီတပ်၏ စစ်ဆေး‌ရေးဂိတ်တွင် တားဆီး စစ်ဆေးခြင်း ခံရကြောင်း သိရသည်။

မဒိုဒိတ်ဟွဲနဲ့အတူပါသွားသော သူငယ်ချင်းတစ်ယောက်သည် နွေဦးတော်လှန်ရေးကို အားပေးထောက်ခံသည့် CDM (Civil disobedience Movement) လှုပ်ရှားမှုတွင် တက်ကြွပါဝင်လှုပ်ရှားနေသူ တစ်ဦးဖြစ်သည် ဟုစွပ်စွဲခြင်းခံရကာ စစ်ကောင်စီတပ်သားများမှ ပြင်းထန်စွာ ရိုက်နှက်ကြသည်။ မဒိုဒိတ်ဟွဲ သည်လည်း စစ်ကောင်စီတပ်သာများ၏ ရိုက်နှက်မှုကြောင့် နားထဲမှ သွေးများယိုစီးကာ ခန္ဓာကိုယ် အတွင်းပိုင်းဒဏ်ရာ ရသည်အထိ နှိပ်စက်ခြင်းခံထားရသည်။ထို့အပြင် မဒိုဒိတ်ဟွဲ၏ ပိုက်ဆံအိတ် ၊ ဖုန်း နဲ့ မော်တော်ဆိုင်ကယ်များ ကိုလည်း စစ်ကောင်စီတပ်များမှ လုယက်ထားကြသည်ဟု ၎င်းနဲ့နီးစပ်သူများထံက သိရသည်။ (Zalen)

စစ်ကောင်စီတပ်များမှ သူတို့စိတ်ကြိုက်ရိုက်နှက်ပြီး ၂ယောက်လုံးကို ပြန်လွှတ်ပြီးနောက်၊ နောက်နေ့ ၊ ၂၀၂၃ ခုနှစ်၊ သြဂုတ်လ၊ ၂၈ ရက်နေ့တွင် မဒိုဒိတ်ဟွဲသည် ထမင်းစားနေစဥ်မူးမေ့သွားပြီး ဘာမှမသိတော့သဖြင့် ဆရာဝန်ဆီသို့ သွားရောက် ပြသကြသော်လည်း ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ၅ရက်နေ့တွင် စစ်ကောင်စီတပ်သားများ၏ ရိုက်နှက်နှိပ်စက်ခြင်းကြောင့် ရရှိထားသည့် ကိုယ်တွင်း ထိခိုက် ဒဏ်ရာဖြင့် သေဆုံးခဲ့ရသည်။

ဓာတ်ပုံ-စစ်ကောင်စီတပ်၏ ရိုက်နှက်မှုဒဏ်ကြောင့် သေဆုံးရသည့် မ ဒိုဒိတ်ဟွဲ (Falam Online Media)