November 3, 2023, Comment off

စစ်ကောင်စီ ပစ်ခတ်သောလက်နက်ကြီးကြောင့် ဘုရားကျောင်းတစ်ကျောင်းပျက်စီး

၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၃၀ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ကလေးမြို့ တောင်ပိုင်းနဲ့ မြောက်ပိုင်းကို စစ်ကောင်စီတပ်က အမြှောက်နဲ့ အကြောင်းမဲ့ ပစ်ခတ်ပြီး ကလေးမြောက်ပိုင်းရှိ ဆည်တော်ဦးရွာ၌ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံများထံမှ သိရသည်။

“ဆည်တော်ဦးရွာအနောက်ဘက်ကို လက်နက်ကြီး ၃လုံးကျတယ်။ ပျူစောထီးတပ်အဖွဲ့ဝင် ၃ယောက်ထိတယ်။ အိမ်တစ်အိမ်ပေါ်လည်း လက်နက်ကြီးကျလို့ မိသားစုတွေထိခိုက်ဒဏ်ရာရတာရှိတယ်။ နွားတစ်ကောင်သေတယ်။ ထိခိုက်ဒဏ်ရာရတဲ့ပျူစောထီးတွေကတော့အခု ပြည်သူ့ဆေးရုံမှာကုနေတယ်”ဟု စစ်တပ်အသိုင်းဝိုင်းကပြောကြားချက်အရသိရပါတယ်။ (Zalen)

ယင်းနေ့၌ပင် စစ်ကောင်စီမှပစ်ခတ်သောလက်နက်ကြီးကြောင့် ကလေး-လက်ပံချောင်းကားလမ်းပေါ်ရှိဆည်ကြီးရွာ၊ PCM Hebron အသင်းတော် ဘုရားကျောင်း တစ်ကျောင်းထိခိုက်ပျက်စီးခဲ့ကြောင်းသိရသည်။ 

စစ်ကောင်စီမှ နိုင်ငံတော်အာဏာသိမ်းယူပြီးနောက် ကလေးမြို့နယ်အတွင်း ခရစ်ယာန်ဘုရားကျောင်းပျက်စီးမှု ၉ ကျောင်းအပါအဝင် ဘုရားကျောင်း စုစုပေါင်း ၁၀၄ ကျောင်းအထိ စစ်ကောင်စီမှ ဖျက်စီးထားပြီးဖြစ်သည်။ 

PCM Hebron ဘုရားကျောင်းသည် စစ်ကောင်စီ ပစ်ခတ်သောလက်နက်ကြီး ထိမှန်ပြီးနောက် ပျက်စီးသွားခဲ့သည်။ (Photo: Zalen)