November 13, 2023, Comment off

ရိခေါဒါရ်တိုက်ပွဲတွင် အနည်းဆုံး ပြည်သူ ၁ ဦးသေးဆုံးကာ စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် ပြည်သူ ၂ ဦးဒဏ်ရာရ

 Kur Bung Bel

ချင်းပြည်နယ်၊ဖလမ်းမြို့နယ်၊မြန်မာအိန္ဒိယနယ်စပ် ရိခေါဒါရ်မြို့ရှိ စစ်ကောင်စီတပ်စခန်းကို ယမန်နေ့မြန် မာစံတော်ချိန် ည ၉း၀၀ နာရီခန့်တွင် ချင်းပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်၍စစ်ကောင်စီတပ်ကခုခံတိုက်ခိုက်ရာ အပြင်းအထန် တိုက်ပွဲဖြစ်ပွားကြောင်း သိရသည်။

ယင်းတိုက်ပွဲတွင်ရိခေါဒါရ် အမှတ် ၁ ရပ်ကွက်တွင် နေထိုင်သူ ဦး ကျုံးသျှန်မွေး (Cung Thian Mawi)၅၁ နှစ်  သည် ကျည်ထိမှန်သေဆုံးကာ စစ်ကောင်စီတပ်မှ ပစ်ခတ်သောလက်နက်ကြီးကျည်ဆံသည် ချောင်းနဲ့သာခြားသည့် မီဇိုရမ်ပြည်နယ်၊ ဇိုခေါ်ထာရ်ကျေးရွာပေါ် သို့ ကျရောက် ပေါက်ကွဲ ကာ မြန်မာစစ်ဘေးရှောင် ပြည်သူ ၂ ဦးထိခိုက် ဒဏ်ရာ ရ ထားကြောင်း ဒေသခံပြည်သူများ ထံကသိရသည်။

ဒဏ်ရာရသူ ၂ ဦးမှာမြန်မာဘက်မှ စစ်ရှောင်လာကြသည့် တီးတိန်မြို့နယ်၊ဟိုင်မွာလ်ကျေးရွာသူ ဒေါ် ဆွေထန်းငီး(Pi Sawithangi) ၇၆ နှစ် လက်မောင်းရှပ်ထိနဲ့ ကလေးမြို့နယ်စက္ကန့်ကျေးရွာသား ဆလိုင်း ဗန်လာလ်ထလောဆွေမှာ   ( Salai Van Lal Thlua Suah) လက်ဖမိုးအရိုးထိမှန် ကြောင်းသိရသည်။

လူနာများကိုနီးစပ်ရာလွတ်မြောက်နယ်မြေရှိဆေးခန်းသို့ ပို့ဆောင်ကာကုသကြကြောင်း တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်သဖြင့် တီအိုချောင်းဘေးရှိ မြန်မာ စစ်ဘေးရှောင်များသည် ဘေးလွတ်ရာ လုံခြုံသည့်နေရာဖက်သို့ညတွင်းချင်း ထပ်မံပြေးလွှားနေရကြောင်း စစ်ဘေးရှောင်အမျိုးသမီး ၁ ဦးမှ ICA သို့ ‌ပြောသည်။

ရိခေါဒါရ်မြို့သည်အမှတ် ၁ နဲ့ အမှတ် ၂ ဟူ၍ရပ်ကွက် ၂ခု ဖြင့်ဖွဲ့စည်းထားပြီး မြန်မာနဲ့ မီဇိုးရမ်ပြည်နယ် (အိန္ဒိယ)တို့အဓိကကုန်သွယ်ရေး မြို့တစ်မြို့ဖြစ်ပြီး စစ်ကောင်စီတပ်စခန်းသည်လည်းရပ်ကွက် ၁ တွင် တစ်ခု၊ရပ်ကွက် ၂ တွင် တစ် ခုစီဖြင့်အခိုင်အမာ တပ်ချထားရာမြို့လည်းဖြစ်သည်။

စစ်ကောင်စီ ၏လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရနေသည့် ပြည်သူတစ်ဦး (Photo : UCR)