November 15, 2023, Comment off

ဖလမ်းမြို့နယ်၊ သီးဘွာလ်စစ်စခန်း CNDF မှ သိမ်းပိုက် လက်နက်အမြောက်အများရရှိ

 

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်းရှိ သီးဘွာလ် စစ်ကောင်စီတပ်စခန်းအား ယနေ့ (နိုဝင်ဘာ ၁၅ ရက်) မနက် ၅ နာရီကျော်ခန့်တွင် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) မှ သိမ်းပိုက်နိုင်ကြောင်း စစ်မြေပြင်ရောက် တာဝန်ရှိသူထံမှ သတင်းရရှိပါသည်။

“ကျနော်တို့တိုက်တာက မနေ့ည ၁၁ နာရီလောက်ကဝင်တိုက်တာ၊ စစ်ကောင်စီဘက်က ထွက်ပြေးတဲ့ လူလဲရှိတယ်၊ လက်နက်လည်း အမြောက်အများသိမ်းနိုင်တယ်၊ စစ်စခန်းလဲ မီးရှိူ့ဖျက်စီးလိုက်တယ်၊ ကျနော်တို့ CNDF ဘက်က အထိအခိုက်၊ ကျဆုံးမှုမရှိဘူးအသေးစိတ်ကိုတော့ကျွန်တော်တို့ ထုတ်ပြန်မှာပါ “ဟု CNO/CNDF တာဝန်ရှိသူက The Rihli voice ထံ ပြောကြောင်း သတင်းရရှိသည်။

 

လက်ရှိအချိန်တွင် ထွက်ပြေးသွားသော စစ်ကောင်စီတပ်သားများအား အိန္ဒိယနိင်ငံ၊ မီဇိုရမ် ပြည်နယ်၊ အိန္ဒိယ-မြန်မာနယ်စပ်တွင်ရောက်ရှိပြီး ဗာဖိုင်(Vaphai)ကျေးရွာရှိ အန္ဒိယစစ်တပ် အာသန်ရိုင်ဖယ်တပ်ဖွဲ့ (Asam Rifile ) မှ ကယ်ထုတ်နိုင်ရန် ပြင်ဆင်နေကြောင်းကနဦး သတင်းရရှိပါသည်။

 

သီးဘွာလ်စစ်ကောင်စီ တပ်စခန်းကို CNDF တော်လှန်ရေးတပ်တစ်ခုတည်းနဲ့ တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး၊ လွန်ခဲ့သော ဧပြီလ ၁၀ ရက်၌လည်း ဖလမ်းမြို့နှင့် ကလေးလမ်းမပေါ်ရှိ ဗါရ်းစစ်စခန်းကိုလည်း CNDF မှ သိမ်းပိုက်ခဲ့သည်။ ကလေးမြို့နယ်တောင်ပိုင်း၊ မြောက်စည်းစစ်စခန်းသိမ်းတိုက်ပွဲနှင့် တမူးခရိုင်၊ ခမ်းပါတ်စစ်စခန်း သိမ်းတိုက်ပွဲများတွင်လည်း CNDF နှင့် ဒေသခံပူးပေါင်းတပ်ဖွဲ့များနှင့်အတူ ပါဝင်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။ အဆိုပါ ဗါရ်စခန်းရှိ စစ်ကောင်စီတပ်များသည်လည်း တပ်ပြန်သိမ်းကာ ဖလမ်းအခြေစိုက် ခလရ ၂၆၈ တပ်ရင်းသို့ ပြန်လည်ပူးပေါင်းကြောင်း ဒေသခံများထံမှ သတင်းရရှိပါသည်။

 

နိုဝင်ဘာ ၁၃ ရက်နေ့မှာလဲ CNA နှင့် CDF-Hualngo ပူးပေါင်းတပ်မှ ဖလမ်းမြို့နယ်၊ ရိဒ်ခေါ်ဒါရ် စစ်စခန်းနဲ့ တီအိုချောင်းရှိစစ်စခန်း ၂ ခုကို တစ်ရက်အတွင်းသိမ်းပိုက်နိုင်ခဲ့ပါသည်။