November 16, 2023, Comment off

မတူပီမြို့နယ်၊ Vuilu (ဝေလူး)ရွာကို စစ်ကောင်စီမှ လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်၊ ပြည်သူ ၁၃ ဦးသေဆုံး

 

ဓာတ်ပုံ – သေဆုံးသွားသော ကျောင်းဆရာ၏ မိသားစုနှင့် ကလေးငယ်များ

ချင်းပြည်နယ်တောာင်ပိုင်း ၊ မတူပီမြို့နယ် Vuilu (ဝေလူး)ရွာကို စစ်ကောင်စီမှ တိုက်လေယာဥ် ၂စီးဖြင့် နိုဝင်ဘာလ၁၅ ရက်နေ့ ည၇နာရီဝန်းကျင်တွင် အကြောင်းမဲ့ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကာ အရပ်သားပြည်သူ ၁၃ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ရခိုင်ဘက်ခြမ်းကနေ လေးမြို့မြစ်အတိုင်းလေယာဉ်(၂)စင်းတက်လာတာ ပထမတစ်စီးနဲ့ဗုံးကြဲချပြီးတော့ နောက်တစ်စီးက နောက်နေ လက်နက်ကြီးနဲ့ပစ်သွားတာ။ ” လို့ဒေသခံတစ်ဦးက Matupi Times ကိုပြောထားကြောင်း သိရသည်။ 

Vuilu (ဝေလူး)ရွာ၏ မြေပုံ

ဤလေကြောင်း တိုက်ခိုက်မှုကြောင့် CDM ကျောင်းဆရာတစ်ဦးဖြစ်သည့် ဆရာ ဟာလောင်းနှင့် သားသမီး ၃ဦးအပါအဝင် အသက်မပြည့် ကလေးငယ် ၈ဦး အထိသေဆုံးခဲ့ကြောင်း သိရသည်။ 

ထို့အပြင် ကျေးရွာရှိ ခရစ်ယာန်ဘုရားကျောင်း ၂ ကျောင်းနှင့် လူနေအိမ် ၁၈ လုံးအထိ ပျက်စီးသွားကြောင်း သိရသည်။ 

နိုဝင်ဘာ ၁၄ ရက်နေ့ ည ၁၁ နာရီ ၄၅ မိနစ် အချိန်တွင်လည်း မင်းတပ်မြို့နယ်၊ တိုက်နယ် (၁) ရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီမှ ဂျက်ဖိုက်တာတစ်စီးဖြင့် ၂ ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ကာ လူနေအိမ် ၄လုံး ပျက်စီးပြီး ပြည်သူများအနေဖြင့် ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း CDF-Mindat ၏ ထုတ်ပြန်ချက်အရသိရသည်။