November 24, 2023, Comment off

အိန္ဒိယနိုင်ငံ မီဇိုးရမ်ပြည်နယ်သို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးအားကျန်ဖိုင်ခရိုင် တရားရုံးမှ ထောင်ဒဏ် ၁၀ နှစ်ချမှတ်

မီဇိုးရမ်ပြည်နယ်သို့ ထွက်ပြေးလာသူ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးဖြစ်သည့် မင်းအောင်အား လူသတ်ရန်ကြံရွယ်မှု့ ဖြင့် ကျန်ဖိုင်ခရိုင်တရားရုံးမှ စွဲချက်တင်ကာ ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ကြောင်း မီဇိုးသတင်းစာ (Bengvarna) တွင် နိုဝင်ဘာ ၂၁ ရက်နေ့ ရက်စွဲဖြင့် ‌ရေးသားထားသည်။

အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဝင် မင်းအောင်ဆိုသူမှာ လွန်ခဲ့သော ၂၀၂၂ ခုနှစ်တွင်လက်နက်နဲ့အတူ ထွက်ပြေးလာ ခဲ့ပြီး ကျန်ဖိုင်ခရိုင် ဇိုးသဲစစ်ဘေးရှောင်စခန်းတွင် နေထိုင်သွားသည်။ ထိုစစ်ဘေးရှောင်စခန်းတွင်  စစ်ဘေးရှောင် နေထိုင်သည့် လာလ်မွန်ပွီးယာ(Lalmuanpuia) နဲ့ဇနီးဖြစ်သူ မာလ်ဆောမ်ဆန်းငီး(Malsawmsangi)လင်မယား တို့နေထိုင်ရာဆီကို စစ်ကောင်စီတပ်ဖွဲ့ဝင်မင်းအောင်မှ သွားရောက်ပြီး  ၎င်းတို့လင်မယားအား  အရက်ဝယ် ခိုင်းကြောင်း ဖော်ပြထားသည်။

ထိုအခါ မာလ်ဆောမ်ဆန်းငီး(Malsawmsangi)မှ စစ်ဘေးရှောင်စခန်းအတွင်းသို့ အရက်ယူဆောင်လာခွင့် တားမြစ်ထားရာ အရက်ဝယ်မပေးနိုင်ကြောင်းငြင်းဆိုပါသဖြင့် မင်းအောင်မှစိတ်ဆိုးကာ မာလ်ဆောမ်ဆန်းငီး၏ လည်ပင်း နဲ့ ပေါင်ကိုဓါးမဖြင့်ခုတ်လိုက်သည်။ဤတွင်ဇနီးဖြစ်သူကိုကယ်တင်လာသည့် လာလ်မွန်ပွီးယာ၏ ဒူးကိုလည်းဓါးမဖြင့် ထပ်ခုတ်လိုက်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် မင်းအောင်ဆိုသူကို မွှန်မှဲလ်ထာ(Hmunhmeltha)ရွာ၊ မီဇိုးလူငယ်အဖွဲ့(YMA)ခေါင်း ဆောင်များမှဖမ်းဆီးကာ ကျန်ဖိုင်ခရိုင်ရဲများထံသို့ အပ်နှံ အမှုဖွင့်ထားခြင်းဖြစ်သည်။ သို့ရာတွင် အမှုကို အချိန်ကာလ အတော်အတန် တရားရုံးမှ စစ်ဆေးပြီးနောက် လူသတ်ရန်ကြံရွယ်မှုနဲ့ အပြင်းအထန်နာကျင်စေမှု ပြစ်ချက်၂ ခုအတွက်ထောင်ဒဏ် ၁၀ နှစ် နဲ့ ရူပီး ၃၀၀၀၊ ဒဏ်‌ငွေမဆောင်ရင် ထောင်ဒဏ် ၃ လ ထပ် ဆောင်း ကျခံရမည်ဟု စီရင်ချက်ချလိုက်သည်။

မီဇိုးလူငယ်အဖွဲ့ (YMA)ခေါင်းဆောင် ၁ ဦးကလည်း “ယခုအချိန် မြန်မာပြည်ဖက်တိုက် ပွဲတွေမှာ စစ်ကောင်စီတပ် တွေကစစ်မတိုက်ချင်တော့ ဘဲ နယ်စပ်ဖြတ်ကျော် ထွက်ပြေးမှု ပိုမျာပြားလာတာဟာ သာမန်ပြည်သူ စစ်ဘေးရှောင်တွေ အတွက်ပါ အန္တရာယ် ရှိလာတယ်၊တာဝန်ရှိသူအစိုးရဖက်ကလည်း ဒီလိုကိစ္စတွေကို ဂရုပိုစိုက်သင့်တယ် “ ဟု သုံးသပ်ပြောဆိုထားသည်။

ကိုးကား-(Mizo News)