November 24, 2023, Comment off

Lailun Medical Centre မှ ကျန်မားရေးပညာပေးသင်တန်းပို့ချ၊ Champhai North MLA, Dr.ZR Thiamsanga မှ ဆေးဝါးများပေးလှူ

၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၂၂ရက်နေ့တွင် Mizoramပြည်နယ်၊ Zokhawthar ရွာရှိ စစ်ဘေးဒုက္ခသည်စခန်းမှားမှ တာဝန်ရှိသူများကို Lialun Medical Centre မှ ကျန်မာရေးသင်တန်းပို့ချခဲ့သည်။ အဆိုပါသင်တန်းတွင် စစ်ဘေးဒုက္ခသည်စခန်းအသီးသီးမှ ခေါင်းဆောင် ၁၀ဦးတက်ရောက်လာပြီး ရှေးဦးသူနာပြုးသင်တန်း (First aid) ကိုပို့ချသွားခြင်းဖြစ်သည်။ 

ICA Medical Officerမှ ကျန်မာရေးသင်တန်းပို့ချနေစဥ်

ထို့အပြင် Champhai district မှ Champhai North MLA, Dr.ZR Thiamsanga မှ Lialun Medical Centre သို့ သွားရောက်အားပေးစကားပြောကြားပြီး ဆေးဝါးများကို လှူဒါန်းခဲ့သည်။ 

Champhai North MLA, Dr.ZR Thiamsanga နှင့် Lailun Medical Centre အဖွဲ့သားများ

Lailun Medical Centre သည် Institute of Chin Affairs-ICA မှ ဖွင့်လှစ်ထားသော ကျန်းမာရေးစောင့်ရှောက်မှု centre တစ်ခုဖြစ်ပြီး Mizoram နဲ့ ပြည်တွင်းရှိ စစ်ဘေးဒုက္ခသည်များကို ကျန်မားရေးစောင့်ရှောက်မှု‌ပေး  လျှက်ရှိသည်။

ICA Field Officer မှ သင်တန်းပို့ချနေစဥ်